ယခင် ချထားပေးသည့် တန်ဖိုးမြင့် GSM ဖုန်းများတွင် ကြိုတင် ငွေဖြည့်ကဒ် စနစ် အသုံးပြုသွားရန်ရှိ

Friday, May 4, 20120 မှတ်ချက်များ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခင် ချထားပေးခဲ့တဲ့ တန်ဖိုးမြင့် GSM ဖုန်းတွေမှာ ကြိုတင် ငွေဖြည့်ကဒ် စနစ်ကို လာမယ့် ဖေဖော် ၀ါရီလ ၀န်းကျင်မှာ အသုံးပြုသွားဖို့ အတွက် စီစဉ်မှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
အဆိုပါ စနစ် ကျင့်သုံးဖို့ အတွက်ကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်း ပိုင်ရှင်တွေ ထံကို Prepaid စနစ်သုံး ၊ မသုံး Message များ ပေးပို့ ထားတယ်လို့ သိရပါတယ်။ ဖုန်းတွေမှာ Prepaid စနစ် သုံးချင်တဲ့ သူတွေဟာ မြန်မာ့ ဆက်သွယ်ရေးမှ ပေးပို့တဲ့ Messge ကို ပြန်လည် အကြောင်း ပြန်ရမှာ ဖြစ်ပြီး မသုံးချင်တဲ့ သူတွေကတော့ ပြန်လည် အကြောင်း မပြန်လည်း ရတယ်လို့ သိရပါတယ်။ Prepaid စနစ်ကို အသုံးပြုဖို့ အချက်အလက် အပြည့်အစုံနဲ့ အသုံးပြုနိုင်ချိန်တွေကို မြန်မာ့ ဆက်သွယ်ရေးမှ ဖေဖော်ဝါရီလ ၀န်းကျင်မှာ ထပ်မံ Message ပို့မှာဖြစ်ပြီး ဒုတိယ အကြိမ် Message ပို့ပြီးချိန်မှာတော့ Prepaid စနစ်ကို အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖုန်းတွေမှာ Prepaid စနစ် ငွေဖြည့်ရာမှာ ယခုလက်ရှိ ငါးသိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေမှာ အသုံးပြုတဲ့ ငွေဖြည့်ကဒ် ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ကြိုတင် ငွေဖြည့် စနစ် Prepraid ကဒ် သုံးသူတွေဟာ နောက်ပိုင်းမှာ မြန်မာ့ ဆက်သွယ်ရေး မှ ပြည်ပ ခေါ်ဆိုခွင့်များ ချထားခွင့် ပြုပေးပါက ပြည်ပသို့ ယူဆောင် ခေါ်ဆိုခွင့် ရမှာ မဟုတ်ဘဲ ကြိုတင် ငွေဖြည့်ကဒ် စနစ် မဟုတ်တဲ့ Post Praid သမားတွေကတော့ ပြည်ပကို ယူဆောင် ပြောဆိုခွင့် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger