ယဉ်ကျေးတဲ့နိုင်ငံ

Saturday, May 5, 20120 မှတ်ချက်များ

http://www.yoyarlay.com/images/yyl/2012/5/4/shade_4_4.jpg

ယဉ်ကျေးတဲ့နိုင်ငံတစ်ခုသော တနင်္ဂနွေရုံး ပိတ်ရက်ကဖြစ်ပါ၏။ ထိုနေ့တွင် ကျွန်တော်သည် အပြင်သို့ မထွက်သဖြင့် အိမ်မှာပင် အပျင်း ပြေရေဒီယိုဖွင့်၍ နားထောင်နေ လိုက်မိပါသည်။ ယင်းသို့ နားထောင်လိုက်သည်တွင် မိန်းကလေးများ စကတ် အတိုဝတ်တာကောင်းသလား၊ စကတ်အတို မဝတ်တာကောင်း သလားဆိုသည့် အစီအစဉ်လာနေသဖြင့် သူတို့ ဘာတွေပြောဆိုကြမလဲလို့ စိတ်ဝင်စားစွာ ဆက်၍နားထောင်နေ လိုက်မိပါသည်။

ဒီအစီအစဉ်ကို တာဝန်ယူ ထားသည့်ရေဒီယိုဝန် ထမ်းလေး တွေကကရဝိတ် ဥယျာဉ် ကမ္ဘာ ထဲ တွင် လာရောက်အပန်းဖြေကြ သည့်အရွယ်ကြီးငယ်ပုဂ္ဂိုလ်များ ကို မိန်းကလေးများစကတ်အ တိုဝတ်တာကောင်းသလား၊ စကတ်အတို မဝတ်တာကောင်း သလားဆိုသည်ကိုလိုက်လံမေးနေခြင်းကို စာရေးသူ နားထောင် နေလိုက်မိခြင်းဖြစ်ပါသည်။ ယင်းသို့နားထောင်ကြည့် လိုက်ရာ တွင် တစ်ယောက်နှင့် တစ်ယောက်မတူညီသည့် အယူ အဆလေး များပြောပြ သွား သည် ကိုကြားလိုက်ရပါသည်။

စာရေး သူကြားလိုက် ရသည်များမှာ ခေတ်လူ ငယ်လေးကစကတ် အတိုဝတ် တာမကြိုက်သည်ကိုဖြေ လိုက်တာကြားရပြီး အသက် လေးဆယ်ကျော် လူကြီး တစ်ယောက် က"ခေတ်ရေစီးကြောင်း အရ"ခေတ် နဲ့အညီစကတ် အတိုဝတ်တာ သ ဘောကျပြီးအပြစ်မပြောလိုပါ" ဟူ၏။သူ့အမျိုး သမီးလည်းစ ကတ်အတို ဝတ်သည်ဟုဆို၏။ ထိုကဲ့သို့အမြင်ခြင်းကမတူကြပေ။ အကယ်၍ ရေဒီယိုဝန်ထမ်း တွေက ကျွန်တော့်ကိုလာမေးခဲ့လျှင် လူတွေဟာ အမေမွေးတုန်း ကဘာ အ ဝတ်မှမပါလာခဲ့ပါဘူး။

အဲဒီတော့ "ဘဝရေစီးကြောင်း အရ"ဘာအဝတ်မှမဝတ်ကြရင်လည်း အပြစ်မမြင်ပါဘူးလို့ဖြေ လိုက်ရရင် သဘောကျမလား မသိဘူးလို့ တစ်ယောက် ထဲတွေး နေမိရင်း သည်ဆောင်းပါးလေး ကို ရေးဖြစ် ခဲ့သည်။ သည်လိုတောလည်းမဖြစ် နိုင်သေးချေ။ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးကို ကမ္ဘာက မြန် မာလို့သိခြင်းမှာပေါ ကြွယ်ဝလှတဲ့ သယံဇာတတွေကြောင့် မဟုတ်ပါချေ။ စက်မှုလက်မှု ထွန်းကားလို့လည်းမဟုတ်ပါချေ။သာယာလှပပြီး ကမ္ဘာကျော် တဲ့ အ ပန်းဖြေစခန်း တွေရှိခြင်း ကြောင့်လည်း မဟုတ်ပါချေ။ သို့သော်ဘာကြောင့်လဲဟုမေးလျင် "နှလုံးသားလှပြီး ယဉ်ကျေးတဲ့ နိုင်ငံဖြစ်လို့ပါ"ဟုဖြေပါက ၁၀ဝ မှတ် အပြည့် ရမည်ထင်ပါသည်။

ဤကဲ့သို့ နှလုံးသား လှပြီး ယဉ်ကျေးသည့်နိုင်ငံတစ်နိုင်ငံ ဟု ကမ္ဘာကသိလာရခြင်းသည် မည်သူ၏ အဆုံးအမကြောင့် လည်းဟုမေးလျှင် မြတ်ဗုဒ္ဓ၏ အဆုံးအ မဓမ္မတွေကြောင့်ပါဟုဖြေလျှင်မှားနိုင်အံ့မထင်။ ဘာဖြစ်လို့ သည်လိုပြောသလဲ ဟုဆိုရင် ကျွန်တော်တို့နိုင်ငံသည်ရှေးပဝေသဏီ ပုဂံခေတ်ကနေ ယနေ့ ခေတ်တိုင်မြတ်ဗုဒ္ဓ၏အဆုံးအမ တရားဓမ္မများဖြစ်သောထေရဝါဒ ပိဋကတ်တော် အဆုံးအမ ဓမ္မများအတိုင်း လိုက်နာကျင့်သုံး နေထိုင်ခဲ့ကြလို့ ပင်ဖြစ် သည်။

ကျွန်တော်တို့ငယ်ငယ်တုန်း ကဆိုလျှင် ရွာမှာ အထက်တန်း ပညာသင်ကျောင်းဆိုတာမရှိသေး။ သည်တော့ ကျွန်တော်တို့၏ ပညာရေးသည် ရွာဦး ဘုန်း ကြီး ကျောင်းမှာသာ။ အစ်ကိုတွေ၊ အစ်မတွေနဲ့အတူ မြန်မာသင် ပုန်းကြီးဖတ်စာနဲ့ စခဲ့ရသည်။ နောက် သမ္မတ ဆယ်စောင်တွဲ ဆိုတဲ့စာအုပ်၊ အဲသည် တုန်းက သမ္မတ ဆယ်စောင်တွဲ ဆိုသော စာအုပ်ငယ်လေးနှင့်အတူဗုဒ္ဓယဉ် ကျေးမှုတရားဓမ္မအဆုံးအမများ သင်နေရတာပါလားဟု မထင်ခဲ့ပေ။ နည်းနည်းလေး အ သက် ကြီးလာသောအခါမှ မိမိသင်ခဲ့ ရ သောပညာရပတွေသည်ယဉ်ကျေး မှု ဘာသာရပ်တွေချည်းပဲဆို သည်ကိုနောက်ကျမှသိခဲ့ရပါ၏။

ထို့ကြောင့် ဗုဒ္ဓယဉ်ကျေးမှု အဆုံးအမဓမ္မတွေသည် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ နှလုံးသားထဲတွင်စွဲထင်ဖြစ်တည် နေခြင်းသာဖြစ်ပါသည်။ ဤကဲ့ သို့ စစ်မှန်သည့်ဓမ္မနှင့်ယဉ်ကျေး မှုကိုလက်ဝယ်ပိုင်ပိုင်ကျင့်သုံးနေ ထိုင်ခဲ့ကြလို့လည်းကမ္ဘာကမြန်မာ နိုင်ငံသည်နှလုံးသားလှပြီးယဉ်ကျေး တဲ့နိုင်ငံ"ဆိုပြီး အသိအ မှတ်ပြုခဲ့သည်။ကြာတော့ ကြာခဲ့ချေပြီ။မည်သည့် စာအုပ်တွင် ဖတ်မိ၊မှတ်မိသည် ကိုတော့ မမှတ်မိတော့ပေ။ စာလေး တစ်ပုဒ်ဖတ်ဖူးခဲ့ပါ၏။နိုင် ငံခြားရောက်မြန်မာတစ်ယောက်က ကမ္ဘာ့ယဉ်ကျေးမှု သမိုင်းရှာဖွေစုဆောင်းနေတဲ့ သမိုင်းသုတေသီပညာရှင် နိုင်ငံခြားသား မိတ်ဆွေ တစ်ယောက် ကို မိ မိနိုင်ငံကိုလိုက်လည်ဖို့ ဖိတ်ခေါ်ခဲ့သည်။

သို့ပေမယ့်မြန်မာ နိုင်ငံဆိုတာ မကြားဖူးတဲ့အပြင် အထင်လည်းမကြီးသည့်အတွက် ဘယ်လိုမှမလိုက်ချင်ပါဘူးဟုငြင်း သည်။ပြီး တော့ အိန္ဒိယ၊ တရုတ် စ တဲ့နိုင်ငံကြီးတွေ၏ အလယ် တွင်ရှိနေပြီး နှစ်ပေါင်း (၁၃၀) ကျော် သူ့ကျွန်ဘဝ ကျရောက် ခဲ့ဖူးသည့် နိုင်ငံငယ်လေးတွင်နိုင်ငံကြီး တွေ၏ ယဉ်ကျေးမှု များ ရောပြွမ်းလွှမ်းမိုးနေမှာပဲလို့ သူ့ စိတ်ထဲမှာထင်ခဲ့သည်ဟုဆို၏။ သူတကယ်ရောက်လာသော အခါတွင်သူထင်ခဲ့တာတွေနှင့် တခြားစီပါပဲ လို့ပြောသည်။

အဘယ်ကြောင့်ဆိုသော် ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့်စာပေ၊ ကိုယ့် စကား၊ ကိုယ့်ဂီတအနုပညာနဲ့ ကိုယ်ရပ်တည်နေထိုင်တဲ့ တိုင်း တစ်ပါးယဉ်ကျေးမှုများ မလွမ်း မိုးတဲ့နိုင်ငံဆိုတာ သိသွားလို့ပင် ဖြစ် ပါလေသည်။ ဤဖြစ်ရပ်ကိုကြည့်ပါလေ။ သမီးများနှင့် သမီးရှင်များက လောကနီတိ ကျမ်းနဲ့ညှိရမည် ဆိုရင် ကုတ္ထိနဉ္စ ဓနံ ရူပံ၊ မိန်းမ တို့၏ဥစ္စာကား အ ဆင်းတည်း" လို့ပညာရှိတို့ဆိုကြပါတယ်။ ထို့ ကြောင့် မိန်းကလေးဆိုသည် အလှကြိုက်မှန်းသိပါသည်။ မိမိ အလှကို အားကျ မက်မောတာ ကိုလည်း နှစ်သက်လိုချင်သည် ဆိုခြင်းသည်မိန်းမသားတို့၏ သဘာဝမို့အပြစ်မပြောလိုပါချေ။

သို့ပေမယ့် ယနေ့ခေတ် မိန်းကလေးတော်တော်များများသည် ဒေါင်းမလေးအလှပြသလိုဖြစ် နေခြင်းကို သတိမမူမိကြလေ ရော့သလား၊မပြောတတ်နိုင်ချေ။ ဝတ်တာ၊စားတာ အတင့်ရဲလွန်းစွာ စွာသရုပ်ပျက်နေကြတာတွေ့နေ၊ မြင်နေရခြင်းမှာ စိတ်မကောင်း စရာပင်ဖြစ်နေတော့၏။ တစ်ခါသော် စာရေးသူတို့ နယ် ဘက်က တန်ခိုးကြီးဘုရား တစ်ဆူ၏ရင်ပြင်တွင် မိန်းက လေးတစ်ယောက်တက်လာသည်။ သူဝတ်လာသည့် အင်္ကျီက လက် ပြတ်အတို ၊ အောက်က ဝတ်လာ သည်ကလည်း တော်တော်တိုသည့် စကတ်အတို၊ စီးလာတဲ့ဖိနပ်အ မြင့်ကြီးကိုကျတော့ မချွတ်ခဲ့။ ထိုမြင်ကွင်းကိုမြင်တဲ့ ဂေါပက လူကြီးက "သမီး . . သမီးက အချွတ်မှားလာတယ်။

ဘုရားပေါ် လာတယ်ဆိုတာ ထမီဝတ်ပြီး ဖိနပ်ချွတ်ခဲ့ရတယ်။ အခု သမီးက ဖိနပ်မချွတ်ခဲ့ဘဲ ထမီချွတ်ခဲ့တော့ အများအမြင်မကောင်းဘူး ပေါ့ကွယ်"တဲ့။ အဲဒါ နဲ့ အဲဒီမိန်းကလေးဘုရားပေါ်က ဆင်းပြေး သွားလေတော့သည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့မြန်မာမိန်းကလေး များသည်ခေတ်မီပြီး ယဉ်ကျေး သိမ်မွေ့သည့် အဝတ်အစား လေးများရွေးချယ်ဝတ်တတ်ကြ မည်ဆိုလျှင် ယဉ်ယဉ်လေးနှင့် လှနိုင်ကြပါသည်။ ခေတ်မီပြီး မယဉ်ကျေးသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ရ မှာဖြစ်ပါသည်။

အမြင်ရိုင်းပြီး ကြည့်၍မလှပါချေ။လူကြီးမိဘ များကလည်း ကိုယ့်သားသမီး တွေကိုသွန်သင်ဆုံးမပေးရမည့် တာဝန်နှင့်ဝတ္တရားကိုမမေ့လျော့ ကြစေ လိုပေ ။ပြောရမည်ဆိုလျှင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေသည် ငါးပါးသီလကို ခါးဝတ် ပုဆိုးလို မြဲမြံလုံခြုံအောင် အတတ်နိုင်ဆုံးထိန်းသိမ်းတတ်ကြ သလိုမြန်မာ လူ့ဘောင်တွင်အမျိုး သားယဉ်ကျေးမှုဆိုသည်အလွန် ပင်တန်ဖိုးကြီးလှ၏။ထို့ကြောင့် အမျိုးသားရေးစရိုက်လက္ခဏာ မပျောက် ပျက်အောင်"ကျင့် ဝတ်တစ် ပါးကဲ့သို့" ထိန်းသိမ်း စောင့် ရှောက်ရမှာဖြစ်ပါသည်။ စဉ်းစားကြည့်နိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓမြတ် စွာဘုရား၏ အဆုံးအမ တရား တော်များကို လိုက်နာကျင့်သုံး နေုထိုင်သည့် နိုင်ငံဖြစ် ခြင်းနှင့် အညီ အရပ်လေးမျက်နှာတွင် ဘုရားကျောင်းကန် စေတီပုထိုး များသည်လည်း လက်ညှိုးထိုး မလွဲရှိနေသည်။ထို့အပြင်စာသင် စာကျက်၊ဝတ်မပျက်တဲ့ ရဟန်း သံဃာတော် များသည် လည်း ကျောင်းတိုင်း မှာလိုလိုတွေ့မြင် နေကြရသည်။ပြောချင်သည်မှာအကယ်၍ အကြောင်းကိစ္စတစ်ခုခုနှင့်အပြင် ကိုသွားကြမည်၊ လာကြမည်ဆို လျှင်ရှေး တုန်းကဘိုးဘွားဘီဘင် တို့၏ခေတ်အမြင်၊အသွင်မဆန်း သောရင်ဖုံးအင်္ကျီ ကြီးများ ဝတ် ရမည်ဟုမဆိုလိုပါ ။

ခေတ်မီပြီး ယဉ်ကျေးသိမ်မွေ့သောအဝတ် အစားလေးများဝတ်ကြသောအခါ သွားရင်းလာရင်း လမ်းရောက်မှ စိတ်ကူးရလို့ဘုရားကျောင်းကန် တက်ချင် တယ်ဆိုလျှင်လည်းသူ တစ်ပါးအမြင် သင့်လျော်ပါပေသည်။ ထို့ပြင် ခရီးသွားရဟန်း သံဃာများနှင့်တွေ့တွေ့၊ ဆွမ်းခံကြွနေသည့် ရဟန်း သံဃာများ နှင့် ပဲတွေ့တွေ့ကိစ္စမရှိတော့ချေ။

လက်အုပ် အဉ္စလီတင်ချီလိုက်သည်နှင့် လိမ္မာယဉ်ကျေးသည့် မိန်းကလေးပဲရယ်လို့တစ်ပါးသူ ရဲ့အမြင်ချီးမွမ်းထောပ နာပြုကြလိမ့် မည်ဆို တာသေချာသည် ။မြန်မာအမျိုး သမီးတိုင်း ကမ္ဘာ့နိုင်ငံများ၏ အလယ်တွင်မြန်မာနိုင်ငံသည် "ယဉ်ကျေး တဲ့ နိုင်ငံ"ဟု ထာဝရဂုဏ်ယူ ဝင့်ကြွား နိုင်အောင်ခေတ် မီပြီးယဉ် ယဉ်လေးနဲ့လှသည့်အ ဝတ်အစား များကိုသာ ရွေးချယ်ဝတ်ကြစေ လိုကြောင်းရေး သားလိုက်ရပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger