မအူပင်လေပြင်းတိုက်ခတ်မှု ၁ ဦးသေ၊ ရာနှင့်ချီ လေဘေးဒဏ်ခံနေရ

Friday, May 4, 20120 မှတ်ချက်များ

ဓါတ်ပုံ-Google Images
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ထဲက ကျေးရွာအုပ်စု အနည်းဆုံး ၅ခုလောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် လေပြင်း တိုက်ခဲ့တာကြောင့် မြစ်ထဲသွားလာနေတဲ့ ငါးဖမ်းလှေတွေ တိမ်းမှောက်မှုဖြစ်ပွားပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နဲ့  ၂ ရက်နေ့တွေမှာ လေပြင်း တိုက်ခတ်သွားတဲ့အတွက် ငါးဖမ်းလှေမှောက်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားတာလို့ မအူပင်မြို့နယ် ကြက်ခြေနီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွဲတုန်းဘက်မှာလေ၊ လေတိုက်ပြီးတော့ လှေ ၁၁ စင်းမြုပ်တာ။ ကလေး တဦး သေသွား တယ်။ မောင်နှမ ၂ ယောက် လှေနဲ့ သွားတာ၊ လှေမှောက်သွားတဲ့အခါကျတော့ မိန်းကလေးက ကူးတော့ကူးတတ်မှာပေါ့လေ၊ လေက တအားများနေတဲ့အခါကျတော့ ကလေးမလေး သေသွားတယ်။ သူတို့ က လေမတိုက်ဘူးထင်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေကြတာ။ နောက် ငါးတွေဘာတွေရှာတဲ့ လူတွေရော ဗြုန်းခနဲ လေက၀င်တိုက်လာတဲ့အခါကျတော့ လှေတွေမှောက်ကုန်တာ”
အလားတူ မအူပင်မြို့နယ်အတွင်းက ရေလဲ၊ အောင်ဟိတ်၊ မှန်ပင်၊ ပန်းပင်စု၊ ငါးကြီးကရက် စတဲ့ ကျေးရွာအုပ်စုတွေမှာ လေပြင်းတွေ တိုက်မှုကြောင့် ဘုန်းကြီးကျောင်းတချို့နဲ့  လူနေအိမ်ခြေ ၇၀ လောက် ပျက်စီးသွားပါတယ်။

ငါးကြီးကရက်နဲ့ ရေလဲကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ ချောင်းဖျားကြီး ကျေးရွာဘက်မှာတော့ ဧရာဝတီတိုင်းမှာ ၂၀၀၈ မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒဏ်ခံလိုက်ရပြီးနောက် ပြန်လည်ဆောက်လုပ်ထားတဲ့ အိမ်တချို့ ပြိုကျသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

လေဘေးသင့်ဒေသခံတွေကို ကျန်းမာရေးဌာနနဲ့ ကြက်ခြေနီအပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးပေါ် လိုအပ်တဲ့ ပစ္စည်းတွေ သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။ မအူပင် ကြက်ခြေနီအဖွဲ့က “ကျနော်တို့ဆီက ဒီ ကြက်ခြေနီကနေပြီးတော့လေ ပစ္စည်း ၂၁ မျိုး သွားဝေပေးတယ်။ ဒယ်အိုးတို့၊ စောင်တို့၊ တာပေါ်လင်တို့၊ ပန်းကန်၊ ခြင်ထောင်တို့ ဘာတို့ အဲဒါတွေလေ။ အကုန်လုံးစုစုပေါင်း ၂၁ မျိုးပေါ့။”

ဒီနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာတော့ မအူပင်လေဘေးမှာ လူ ၂၇၀ လောက် လေဘေး ဒုက္ခခံနေကြရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏကတော့ မြန်မာကျပ်ငွေ ၁၈ သိန်း ၉ သောင်းလောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပီတာအောင် (ဒီဗွီဘီ)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger