သင်္ဘောများနှင့် မြို့ပတ် ရထားများတွင် I Pay Card တပ်ဆင် လုပ်ဆောင် သွားရန် စီစဉ်လျက်ရှိ

Friday, May 4, 20120 မှတ်ချက်များ

I Pay Card စနစ် တွင်ကျယ် လာဖို့ ပြည်တွင်း ပြေးဆွဲနေတဲ့ သင်္ဘောများနဲ့ မြို့ပတ် ရထား များမှာပါ တပ်ဆင် သွားဖို့ အတွက် ပို့ဆောင်ရေး ၀န်ကြီး ဌာနကို

တင်ပြထားပြီ ဖြစ်တယ်လို့ I Pay Card ကုမ္မဏီမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါပေမယ့် ဒီလို သင်္ဘောတွေမှာ I Pay Card သုံးစွဲမှုဟာ မလွယ်နိုင် ပေမယ့် လောလောဆယ် မှာတော့ I Pay Card ကုမ္ပဏီမှ တာဝန်ရှိ သူတွေဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ တာဝန်ရှိ ပုဂ်္ဂိုလ် များနဲ့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ အဆိုပါ I Pay ကုမ္ပဏီနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။

ယခုလက်ရှိမှာ I Pay Card သုံးစွဲမှုကို ရန်ကုန်မြို့ အတွင်း ခရီးသည်တင် ယာဉ်လိုင်း Bus ကားလိုင်း များဖြစ်တဲ့ အဓိပတိ အပြာလိုင်းမှ ယာဉ်အစီး ၂၀ ကို တပ်ဆင်နေပြီ ဖြစ်ပြီး နောက်ပိုင်း မှာလည်း အခြား Bus ယာဉ်လိုင်းတွေ များလည်း I Pay Card ကို တိုးချဲ့တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger