အမေရိကန်နှင့် ကမ္ဘာအဝှမ်းရှိ အခြားသော နိုင်ငံ အများစုတွင် လက်ရှိ သုံးစွဲနေသည့် Gregorian Calendar ခေါ် လွန်ခဲ့သည့် ၁၅၈၂ ခုနှစ်က
Julian calendar မှ ပုံစံပြောင်းပြီး ဖြစ်လာသည့် ပြက္ခဒိန်ကို ဆော်ဒီ အာရေဗျတွင် အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ကာ အနောက် နိုင်ငံများမှ ဆော်ဒီအာရေဗျသို့ အလည် လာရောက်သည့် အနောက် နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ အချိန်များကို ပြောင်းလဲပြီး တိုက်ရတော့မည် ဖြစ်သည်။
သတင်း အရင်းအမြစ်များမှ ပြောရာ၌ အစိုးရ ဝန်ကြီး ဌာနများကို Gregorian Calendar သုံးစွဲခွင့်မှ ပိတ်ပင်လိုက်ကြောင်း နှင့် ယင်းပြက္ခဒိန် အသုံးပြုခဲ့သည်မှာ နှစ် ၄၀၀ ကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီး ဖြစ်သူ၏ အပြောအရ အစိုးရ ရုံးများ အနေဖြင့် Hijri သို့မဟုတ် အစ္စလမ်မစ် ပြက္ခဒိန်များကိုသာ အစားထိုး အသုံးပြုရတော့မည် ဖြစ်ကြောင်း ဒေသခံ သတင်း အရင်းအမြစ်များ အရ သိရသည်။ အလားတူပင် ပြည်ထဲရေး ဝန်ကြီး ဌာနမှာ အင်္ဂလိပ်စာကို စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများတွင်လည်း အသုံးမပြုရန် ပိတ်ပင်လိုက်ကြောင်းလည်း Gulf News သတင်းတွင် ဖော်ပြ သွားခဲ့သည်။
source : Gulf News
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။