ရုရှားရှိ နှုကလိယ ရေငုပ် သင်္ဘောများကို ဂျပန်တို့ ကူညီ ဖျက်သိမ်းပေးမည်

Saturday, May 19, 20120 မှတ်ချက်များ

ဂျပန်နိုင်ငံ အနေဖြင့် ၎င်းတို့၏ နည်းပညာနှင့် ပစ္စည်း ကိရိယာများကို ရုရှား နိုင်ငံသို့ အကူအညီ ပေးမည်ဖြစ်ကာ ယခင် ဆိုဗီယက် ပြည်ထောင်စု လက်ထက်က

ရှိနေခဲ့သော နှုကလယိ စွမ်းအင် လောင်စာသုံး ရေငုပ် သင်္ဘောများကို ဖျက်သိမ်းရာတွင် ကူညီမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

ဂျပန် အစိုးရမှာ ဒေါ်လာ ၅၂ သန်းတန် ရေပေါ် ဆိပ်ခံ ဘောတစ်ခုနှင့် ဆောက်လုပ်ရေး ကရိန်းများကို ရုရှားသို့ သောကြာနေ့က ပေးအပ်ခဲ့ကာ ရုရှားနိုင်ငံ အရှေ့ပိုင်း မြို့တော်ဖြစ်သည့် Vladivostok မြို့အနီးတွင် လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း အသုံးမပြုတော့သည့် နှုကလိယ စွမ်းအင်သုံး ရေငုပ်သင်္ဘော အစင်း ၅၀ မှာ ရုရှား အရှေ့ပိုင်းရှိ ကမ်းခြေ ဒေသတွင် ဆိုဗီယက် ယူနီယံ ပြိုလဲစဉ်ကပင် ထားရှိခဲ့ခြင်း ဖြစ်ကာ ရေဒီယို သတ္တိကြွ ပစ္စည်းများ ယိုစိမ့်နိုင်သည့် အရေးအတွက် စိုးရိမ်နေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဂျပန် နိုင်ငံ အနေဖြင့် နှုကလိယ ရေငုပ်သင်္ဘော အချို့ကို ဖျက်သိမ်းနိုင်ရန် အတွက် ငွေရေးကြေးရေး အရ အကူအညီပေးခဲ့ပြီးလည်း ဖြစ်ကာ နှုကလိယ ဘေးထွက် ပစ္စည်းများကို စွန့်ပစ်ရန်လည်း အဆောက်အအုံများ ဆောက်လုပ်ရန် ကူညီပေးခဲ့ပြီး ဖြစ်သည်။ ယခုလို စက်ပိုင်းဆိုင်ရာ အရ ကူညီပေးမှုကြောင့် ရေငုပ် သင်္ဘောများမှ ဓါတ်ပေါင်းဖိုများကို မြေပြင် သိုလှောင်ရေး စခန်းသို့ သယ်ပို့ရန် အတွက် လုပ်ဆောင်နိုင်မည် ဖြစ်ကာ ယခု စီမံကိန်းမှာ ဂျပန် ပင်လယ်ပြင်ရှိ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် နှုကလိယ ဖျက်သိမ်းရေးကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောခဲ့သည်။

source : NHK news

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger