အသက်အရွယ် အကန့်အသတ် မရှိ ၀င်ရောက် ယှဉ်ပြိုင် နိုင်မည့် IT Business Plan Contest 2012

Saturday, May 19, 20120 မှတ်ချက်များ

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် MCF နဲ့ Japan နိုင်ငံ CIESF တို့မှ ပူးပေါင်းပြီး IT business plan contest 2012 ကို ကျင်းပဖို့ ရှိတယ်လို့

သိရှိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သူတွေ အတွက် အသက် ကန့်သတ်ချက် မရှိဘဲ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ပြိုင်ပွဲကို ၀င်ရောက်မယ့် သူတွေဟာ project plan ကို ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ရုံးခန်းသို့ ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ပြိုင်ပွဲကို အဆင့် ၃ ဆင့် အနေနဲ့ ရွေးချယ် သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။ ပထမအဆင့် အနေနဲ့ တင်သွင်း ထားတဲ့ ပြိုင်ပွဲဝင် Project များမှ သတ်မှတ် ထားတဲ့ အရည်အသွေးနဲ့ ကိုက်ညီမှု ရှိရမှာ ဖြစ်ပါတယ်။ ဒုတိယ အဆင့် အနေနဲ့ ရွေးချယ်ခံ ထားရတဲ့ Project တွေကို အင်္ဂလိပ် ဘာသာနဲ့ Presentation လုပ်ရမှာ ဖြစ်ပါတယ်။ တတိယ အနေနဲ့ ကတော့ နောက်ဆုံး ရွေးချယ် ခံထားရ သူတွေကို MCF မှ စီစဉ်ထားတဲ့ သင်တန်းကို တက်ခွင့်ပေးမှာ ဖြစ်ပြီး Project ပိုမိုပြည့်စုံအောင် ပြင်ဆင်ကာ နောက်ဆုံး အဆင့် ထပ်မံ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger