မမျှော်လင့်သော ဧည့်သည်များ

Saturday, May 19, 20120 မှတ်ချက်များ

ကိုယ်တွေက သန်လျှင်နဲ့ အနေနီးတော့ သန်လျှင်က ပေတအကြောင်းလေးတွေပဲပြောရတာပေါ့ အာဖျံကွီးလား အတည်လားဆိုတာကတော့ ကျွန်တော့်ကိုပြောတဲ့လူပေါ်မူတည်တာပေါ့လေ.ကျွန်တော်ကတော့ သူပြောတာကို ပြန်ဝေမျှတာဆိုတဲ့အတွက် Complaint တွေတက်လာလျှင်ဖြေရှင်းမည်မဟုတ်ပါ….ပြီးတော့ နောက်တစ်ချက်က ငါတို့လည်း အဲ့နေရာမှာ နေတာပဲတို့ ငါတို့လည်း အဲ့ကိုအမြဲရောက်ပါတယ်လို့ ငါတို့ကျတော့ ဘာလို့အခြောက်မခံရတာလည်းလို့… အဲ့လို မေးခွန်းတွေကိုတော့ဖြင့် သရဲဆိုတာက လူတိုင်းကို လိုက်ခြောက်နေတာမဟုတ်တော့ လူတိုင်းအခြောက်မခံရပဲ ကံထူး/ကံနိမ့်တဲ့လူပဲ အခြောက်ခံရတာလို့ပဲ မှတ်လိုက်ပေါ့ဗျာ အဲဒါတွေကို လိုက်ဖြေရှင်းရင်း ရှင်းရင်း ပေတ Page ကြီးက တဖြေးဖြေး လူတောက်ညင်ကပ်တဲ့ Page ကြီးလဲ လုံးလုံးဖြစ်ခဲ့ဖူးသွားပြီးပြီ အဲ့တော့ နောက်တစ်ခေါက်ထပ်မဖြစ်ရလေအောင် ကျွန်တော်တို့ Admins ပိုင်းကလဲဆင်ခြင်ပါ့မယ် members များကလဲ ဆင်ခြင်ပေးကြပါလို့ တောင်းဆိုပါတယ်…….


                      သန်လျှင်အောင်ချမ်းသာနားမှာ့ပေါ့..အချိန်ကတော့ ညဘက်သန်းနေပြီ ည ၉ နာရ်ီထိုးနေပြီ အောင်ချမ်းသာပိုင်းမှာတော့ ဒီချိန်ထိ မီးထိန်ထိန်လင်းပြီး စည်းကားနေတုန်းပေါ့လေ.အဲ့ချိန်မှာ အောင်ချမ်းသာက ဆိုင်ကယ် ကယ်ရီသမား ကိုအောင်(နာမည် အစစ်တော့မဟုတ်ပါ)ကို လူတစ်ယောက်က ကျောက်တန်းမြို့ကို ကယ်ရီသွားချင်တယ်ဆိုပြီး လာငှားပါလေရော.ကိုအောင့် ဘော်ဒါ ကယ်ရီသမားတွေက...

              "ဟေ့ယောင် မလိုက်တာ ကောင်းမယ်နော် အဲ့ဘက်က ညဆို နဲနဲကြမ်းတယ်နော် ... " ဆိုတော့ ကိုအောင်က....
ပိုက်ဆံဘယ်လောက်ပေးမှာလဲ မေးတော့ ကယ်ရီလာငှားတဲ့လူက..

           "မောင်ရင်လေးတောင်းသလောက်ပေးပါ့မယ် အရမ်းအရေးကြီးလို့ လိုက်ပို့ပေးပါကွယ် "လို့ ပြောတော့

          "အင်း ဒါဆို ၄၀၀၀ တော့ပေးဗျာ ညဆိုတော့ နဲနဲ ဂရုစိုက်မောင်းရမှာမို့ပါ "

          "အင်း ရပါတယ်ကွယ် "  ဆိုတော့....ကိုအောင် နဲနဲတော့ ပျော်သွားသည် မပျော်ပဲနေရိုးလား ကျောက်တန်းမြို့ကို ၄၀၀၀ နဲ့လိုက်ပို့ရတယ်ဆိုတာ တော်တော်ကို မြတ်နေပြီ ဒါနဲ့ဘော်ဒါတွေ စကားလဲ နားမ၀င်တော့ပဲ ကဲ တက်ဗျာ ဆိုပြီး ၀ူးးးးးးးးးးးးးးးးးးးးးး ကနဲ နဲ့ မောင်းထွက်သွားလေတော့သည်…..

        အသွားတုန်းကတော့ နှစ်ယောက်ဆိုတော့ သိပ်ပြသနာမရှိ စကားလေးပြောပြီး မောင်းသွားတာ မှောင်လို့ မှောင်မှန်းလည်းမသိ တိတ်ဆိတ်နေလို့ တိတ်ဆိတ်နေမှန်းလည်း မသိ လမ်းဘေးက သချိုင်းကုန်းကြီးလည်း မမြင် အေးအေးဆေးဆေးနဲ့ပေါ့…ကျောက်တန်းမြို့လည်းပို့ပြီး အဲ့က ပြန်ကော စပြီးပြသနာတက်တာပဲ။ ကျောက်တန်းမြို့က ကြိုဆိုပါ၏ ဆိုတဲ့ မုဒ်ဦးအောက်ကစပြီး မှောင်ချက်က ရှေ့တောင် ကောင်းကောင်းမမြင်ရတဲ့အခြေအနေဖြစ်နေပြီ ကံကောင်းချင်တော့ လရောင်က ၀ိုးတစ်ဝါးလေးကျနေတော့ နဲနဲတော့ သဲသဲကွဲကွဲမြင်နေရသေးတယ်ပေါ့လေ. အဲလိုနဲ့မောင်းလာတာ အချိန်ကြည့်တော့ ၁၀ နာရီ ထိုးနေပြီ ရန်ကုန်မှာကတော့ ၁၀ နာရီဆိုတာ အစောကြီးရှိသေးပေမယ့် အခုကျောက်တန်းနဲ့ သန်လျှင်ကြားမှာတော့ ၁၀ နာရီဆိုတဲ့အချိန်က ညဉ့်သန်းခေါင်လိုဖြစ်နေပြီ မရတရ ဘုရားစာလေးရွှတ်ပြီး ဖြေးဖြေးမှန်မှန်မောင်းလာရင်းနဲ့သီလ၀ါ တာဝ လမ်းဆုံကြီးနားရောက်လာရော စိတ်ထဲမှာတော့ နီးလာပြီဟ ဆိုပြီး အတွေးလေးနဲ့ ပျော်နေတာပေါ့ အဲ့ချိန်မှာ .....

             "  အူ……………………………… " ဆိုပြီး ဘယ်ကနေမှန်းမသိတဲ့ ခွေးတစ်ကောင် ရဲ့ စွဲပြီး အူလိုက်တဲ့အသံကို ကြားလိုက်ရတော့ ကြက်သီးတွေဖြန်းခနဲထသွားတယ် တစ်လက်စတည်း ရှေ့မဝေးမနီးနားကက အပင်အောက်နားမှာ မိန်းမတစ်ယောက် ကို မမျှော်လင့်ပဲတွေ့လိုက်ရတယ် လရောင်ကလည်း မှိန်မှိန်ကျနေတော့ သေချာကြည့်တော့ ဗိုက်ကြီးသည်ကြီးဖြစ်နေတယ် နဲနဲတော့ တွေဝေသွားတယ် ဒီချိန်ကြီး ဘယ်က ဗိုက်ကြီးသည်ကြီးလဲပေါ့ အော် ဒီနားက ရွာကနေမှာပေါ့ဆိုပြီး ကို့အတွေးလေးနဲ့ကိုပေါ့ သူ့နားလည်းရောက်ကော မဗိုက်က လက်တားပြီးတော့ ....

             "အကို ကျွန်မ အောင်ချမ်းသာ ကိုသွားချင်လို့ လိုက်ပို့ပေးပါ ၂၀၀၀ ပေးပါ့မယ် ... "

ဆိုတော့ ကိုအောင်က ဟ ပွတာပဲ အလာတုန်းက ၄၀၀၀ အပြန် ၂၀၀၀  စုစုပေါင်း၆၀၀၀ ထောပြီဟေ့ဆိုပြီး ၂ ခါတောင်မပြောရဘူး တက် ညီမ ဆိုပြီး ခေါ်သွားရော. ထမလုံ ကျော်လာတော့ ကိုအောင်လည်း နည်းနည်းပျင်းလာတော့ စကားလေးစကြည့်တာပေါ့ ။

                "ညီမက ဒီချိန်ကြီးမှ ဘာလို့ အောင်ချမ်းသာ သွားတာလဲ ???"ဆိုတော့...

               "သြော်... !!!ညီမက ဒီချိန်မှ သွားနေကြလေ"

လို့ပဲပြန်ပြောတယ် .....။

          နဲနဲတော့ ကြောင်သွားတယ် ဒီချိန်ကြီးမှ သွားတယ်ဆိုတာက ဘာ သဘောလဲပေါ့ ပြီးတော့ အဲ့ချိန်မှာပဲ နှာခေါင်းထဲမှာလဲ နံနွင်းနံတွေလဲ မွန်ထူနေအောင် ရတယ် သူ့စတက်လာတုန်းက ဘာအနံမှ မရပါဘူးပေါ့ အခုမှာ ဘာလို့ ရနေတာလဲ စဉ်းစားနေရင်း ရှေ့ဘက်လှမ်းလှမ်းကို ကြည့်လိုက်တော့ သန်လျှင်ဘက်က နာမည်ကြီးသချိုင်းကုန်းကြီး စိတ်ထဲမှာ ဖြန်းခနဲ ကြက်သီးထသွားပြီး အကြောက်ပြေအောင်စကားလေးဘာလေးပြောအုန်းမှ ဆိုပြီး ...

              "ညီမ သရဲတွေဘာတွေကြောက်တတ်လား??? " မေးတော့ ...........


            "ခစ်ခစ်... (ရယ်သံ.. Admin ခစ်ခစ်မဟုတ်)  မကြောက်တတ်ပါဘူးအကိုရယ် ဟီးဟီး !!"

ဆိုပြီး  ရီပြီးပြောပါလေရော ကိုအောင်က ဒီအမျိုးသမီးကြောင်နေလားမသိဘူးလို့တွေးရင်း ဆက်မောင်းသွားရာ သချိုင်းကုန်းနားလဲရောက်ကော မျက်လုံးက ဘာရယ်ညာရယ်မဟုတ်ပါဘူး ဇရပ်ဘေးနားက ညောင်ပင်အောက်လဲ ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်    လရောင်အောက် သေချာလဲ ကြည့်လိုက်တော့ သူလမ်းမှာ တင်လာတဲ့ အမျိုးသမီး ကြက်သီးတွေထပြီး နောက်လဲ လှည့်ကြည့်တော့ နောက်မှ ခုနက အမျိုးသမီးမရှိတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ စကားပြောတယ် အခု အဲ့ညောင်ပင်အောက်ရောက်နေပြီ ဘယ်လိုဖြစ်တာလဲ စိတ်ထဲကလဲ တွေးရင်း လက်ကလဲ မြန်တယ် လီဗာကို အသေနင်းတာပေါ့ အဲ့ချိန်မှာပဲ အဲ့ဇရပ်ရှေ့တည့်တည့်မှာ ဆိုင်ကယ်က လုံးဝကို ရပ်သွားတာ အလေးအပင်ကြီး တစ်ခုခု ကိုတင်ထားရတဲ့ပုံအတိုင်းကို ရပ်သွားတာ ကိုအောင်လဲ ဆိုင်ကယ်ကို လီဗာ ၁ ထိုးပြီး မရမကထွက်တာပေါ့ ခက်တာက ဆိုင်ကယ်က လုံးဝကို မရွှေ့တာ ဇောချွေးတွေလဲပြန်နေပြီ အဲ့ချိန်မှာ ညောင်ပင် အောက်က အမျိုးသမီးက သူ့ဆီကို တဖြေးဖြေးလျှောက်လာလေတော့သည်..အဲ့ချိန်မှာတော့ ကိုအောင်လဲ ဆိုင်ကယ်ကို ဘုန်းကနဲ့ပစ်လိုက်ပြီး ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးပါလေရော.....။

              သချိုင်းကုန်းနဲနဲကျော်တော့ အဲ့နားက လမ်းဘေးမှာ ဖွင့်ထားတဲ့ အသေးစားကွမ်းယာဆိုင်လေး တစ်ဆိုင်ကိုတွေ့ကော ဆိုင်က ဖယောင်းတိုင်မီးလေး လင်းနေတာနဲ့ ကိုအောင်လဲ အားရ၀မ်းသာ ပြေးသွားတာပေါ့ ဆိုင်လဲရောက်ကော ကိုအောင်တစ်ယောက် အမောဖောက်သလိုဖြစ်နေပြီ အဲ့ထဲမှာ အဖိုးကြီးတစ်ယောက်နဲ့ ယောကျာင်္းနှစ်ယောက်ရှိတယ်။ အဖိုးကြီးက...

                        "ငါ့တူကို အဝေးကြီး ပြေးလာကတည်းကတွေ့ပါတယ်ကွယ် .....
                         ဘာလဲ သရဲအခြောက်ခံလာရတာလား ..."  ဆိုပြီး တန်းမေးပါလေရော..။

ကိုအောင်က "ဗျာ....!!! ဘယ်လိုသိလဲ အဘ?? " လို့ ပြန်မေးတော့..........

 " အော် မထူးဆန်းပါဘူးကွယ် ဒီချိန်ဒီလိုဖြစ်လာရင် .....
   သရဲအခြောက်ခံရတာမဟုတ်ရင် ဘာမှမရှိနိုင်ဘူးလေ "

ဆိုပြီးပြောရော အဲဒါနဲ့ ကိုအောင်က ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပါရော ။အဖိုးကြီးက အဲ့ဆိုင်က ဘုရားစင်က ရေမန်းကို တိုက်လိုက်တယ်။

               "  စိတ်အေးအေးထား ငါ့တူ ဘာမှမကြောက်နဲ့တော့ ကဲ ငါ့သားတွေ မင်းတို့ အကိုကို ကူညီပြီး    ဆိုင်ကယ် သွားပြန်ယူပေးလိုက်ကြပါကွာ .."

ဆိုတော့ နောက်က ယောကျာင်္းနှစ်ယောက်လည်း

                            "ဟုတ်.... အဘ "

ဆိုပြီး ထွက်သွားလေရော။အဲဒါနဲ့ ကိုအောင်က.......

             "အဘ ကွမ်းယာဆိုင်က ဘာလို့ဒီချိန်ကြီးထိ ဖွင့်ထားတာလဲဗျ????" ဆိုတော့..

              " အော် သိပ်ရောင်းမကောင်းလို့ပါကွယ် ".

ဆိုပြီးပြန်ဖြေရော။

         သိပ်မကြာဘူး ၁၀ မိနစ်လောက်လဲနေကော ခုနက လူနှစ်ယောက်ပြန်လာရော ဆိုင်ကယ်ကိုလည်းယူလာတယ် အဲဒါနဲ့ကိုအောင်လဲ သူတို့ကို ကျေးဇူးတင်စကားပြောပြီး ဆိုင်ကယ်ကို ပြန်မောင်းကြည့်တော့ မောင်းလို့ ရနေတာနဲ့ ပြန်မောင်းလာလိုက်တယ်….အောင်ချမ်းသာလဲရောက်ကော ဘော်ဒါတွေကိုပြောပြတော့ ....

       "  အဲဒါမို့ပြောတာပေါ့ မင်းကို အဲ့ဘက် မလိုက်ပါနဲ့ဆိုတာ အခုတော့ ထိပြီမလား???? "ဘာလားနဲ့ ၀ိုင်းပြောတာပေါ့ အဲကနေမှ တစ်ယောက်က....

     " ဟေ့ယောင် အဲ့သချိုင်းကုန်းနဲ့ တာဝ လမ်းဆုံကြားမှာ ကွမ်းယာဆိုင်မှ မရှိတာ "

လို့လည်းပြောကော ကိုအောင် အဲ့တော့မှ စဉ်းစားမိတယ် သူလည်း အဲ့လမ်းကိုမောင်းတာ အိုသေတော့မယ် အဲ့နားမှာ ဘာကွမ်းယာဆိုင်မှ မရှိတာ အဲ့ ဟုတ်တယ်ဟ ဒါပေမယ့်လည်း သရဲတော့ မဟုတ်ဘူးထင်တယ်နော် ငါ့ကို ဘုရားစင်က ရေမန်းတောင် တိုက်လိုက်သေးတယ်ဟ မနေ့တနေ့ကမှ အသစ်ဖွင့်တာနေမှာပေါ့ကွာ.ဒါနဲ့ပဲ ကိုအောင်လည်း အိမ်ပြန်သွားတယ်..
မနက်လည်းရောက်ကော မနေ့ညက နေရာသွားကြည့်တော့ ညက သူ ရောက်ခဲ့တဲ့ ကွမ်းယာဆိုင်လည်းမရှိဘူး အဲ့နေရာက မြေကွက်လပ်ကြီးဖြစ်နေလေရဲ့…ကိုအောင် တစ်ယောက်ကတော့ဖြင့် နောက်ဆို ညဘက်ဆိုရင် ကျောက်တန်းဘက်ကို ဘယ်လောက်ပေးပေး မလိုက်ရဲသလောက်ဖြစ်သွားတော့တာပါပဲ…………..

               လွန်ခဲ့သော ဘယ်နှယ်နှစ်ကလဲတော့ မသိတော့ပါဘူးခင်ဗျာ.အနည်းဆုံးတော့ 3နှစ်လောက်တော့ကြာပါပြီထင်တယ်.. ဖြစ်ရပ်မှန်တော့ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ အဲ့ကိုအောင်ဆိုသော ဆိုင်ကယ် ကယ်ရီ သမားရဲ့ သူငယ်ချင်း ကိုယ်တိုင်ပြန်ပြောပြတာမို့လို့ပါ ကျွန်တော်ကလဲ သွားဗျူးတာကို စပ်စပ်စုစုနဲ့ ဟီး…….
အဲ့လမ်းကြီးကယနေ့ထက်ထိ ညဘက်ဆို ခြောက်ခြားစရာကောင်းနေတာတော့ အမှန်ပဲ

               လွန်ခဲ့တဲ့ ၂နှစ်ကကျွန်တော်တို့ကျောင်းမှာ Project Exam ရှိတုန်းကပေါ့ ကျွန်တော်တို့အဖွဲ့ တော်တော်ကံကောင်းတယ်ပြောရမယ် ၄ ဖွဲ့မဲနှိုက်တာ နံပါတ် (၄) ကျတယ် သေရော ကျွန်တော်တို့လည်း ဖြေပြီးကော ၅ နာရီထိုးနေပြီ အဲဒါအဖွဲ့ထဲက တစ်ယောက်က သူ့အိမ်က ကားကိုလာကြိုခိုင်းလိုက်တယ် ကားရောက်လာတော့ ၆ နာရီထိုးနေပြီ ကျောင်းရှေ့ကနေ ပြန်တော့ မှောင်တော့ မှောင်နေပြီ ပြန်လဲလာကော လမ်းကြီးက တစ်ကယ် ခြောက်ခြားစရာကြီး
အဲ့သချိုင်းကုန်းရှေ့ကလည်း ခဏခဏတော့ဖြတ်ဖူးပါတယ် နာမည်ကြီးတယ်ဆိုတာက အိမ်က ခိုင်းတဲ့အဒေါ်ကြီးပြောတာပါ သူက အဲ့နားမှာနေတာလေ ဘာလို့ နာမည်ကြီးတာလည်းတော့ သေချာမသိပါဝူး ခြောက်တာကတော့ ခြောက်တယ်ပြောပါတယ်:D
ပြီးတော့ ကျွန်တော်တို့ကျောင်းနားက သချိုင်းသေးသေးလေးမှာ မောင်မောင်ညွှန့်ဆိုတဲ့ အုတ်ဂူတစ်ခုရှိတယ် တစ်နှစ်တစ်ခါ အရောင်ပြောင်းတယ် (သူ့ဘာသာ သူ အရောင်ပြောင်းတာမဟုတ်ဘူးနော်)အဲ့နားက လူတွေက သုတ်ပေးတာ ကျွန်တော် ကျောင်းတက်လာတာ ၅ နှစ်ရှိပြီ အခုနှစ်နဲ့ဆို ကျွန်တော်တို့ကိုယ်တိုင် အရောင်ပြောင်းတာ မြင်တာ ၅ နှစ်ရှိပြီ တစ်နှစ်တစ်ခါ အရောင်ပြောင်းမသုတ်ပေးရင် ခြောက်တယ်ဆိုပြီး ပါးစပ်ရာဇ၀င် တစ်ချိှု့ရှိသလို ကျွန်တော်တို့ ကျောင်းက ပြီးသွားတဲ့လူတစ်ယောက်က သရဲမဂ္ဂဇင်းတစ်အုပ်မှာ အဲ့မောင်မောင်ညွှန့်ဆိုတာနဲ့ ပတ်သက်ပြီးရေးသားဖူးတယ်လို့ ကြားဖူးတယ် သို့ပေမယ့်လဲ ဖတ်တော့မဖတ်ဖူးပါ…

စောင့်မျှော်အားပေးတာကို ကျေးဇူးတင်လျှက်
IcHiK@
facebook မှတင်ပြပါသည်.......
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger