တောင်ကိုရီးယားနိုင်ငံမှ ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တု လွှတ်တင်မည်

Saturday, May 19, 20120 မှတ်ချက်များ

တောင်ကိုရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံက အာကာသစင်တာကနေ ကမ္ဘာမြေလေ့လာရေးတွေ လုပ်ဆောင်နိုင်မယ့် ကဏ္ဍစုံသုံး ဂြိုဟ်တုတစ်ခုကို

လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Arirang-3 ဂြိုဟ်တုကို ဂျပန်နိုင်ငံ အနောက်ပိုင်း Tanegashima ကျွန်းပေါ်ရှိ အာကာသစခန်းကနေ ယနေ့ေ သာကြာနေ့ အစောပိုင်းမှာ လွှတ်တင်သွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယားပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဆိုပါ ဂြိုဟ်တုကို ဂျပန်နိုင်ငံမှ H.IIA ဒုံးပျံနဲ့ လွှတ်တင်မှာဖြစ်ပြီး လွှတ်တင်မှုကို ဂျပန် အာကာသလေ့လာရေး အေဂျင်စီ JAXA မှ ကြီးကြပ်ကွပ်ကဲသွားမှာ ဖြစ်ပါ တယ်။ အဆိုပါဂြိုဟ်တုမှာ အရည်အသွေးမြင့် ကင်မရာတစ်ခု တပ်ဆင်ထားပြီး အမြင့်ပေ ၆၈၅ကီလိုမီတာကနေ ကမ္ဘာ့မျက်နှာပြင်ရဲ့ အသေးစိတ် ပုံရိပ်တွေကို ရိုက် ကူးပေးမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ပထမဆုံးသော ကမ္ဘာမြေစောင့်ကြည့် လေ့လာရေးဂြိုဟ်တု အာရီယန်ဝမ်း ကို ၁၉၉၉ခုနှစ်က လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုစီမံကိန်းတွေမှာ ၂၀၀၄ခုနှစ်ကနေ စတင်ပြီး ပိုမိုရင်းနှီး မြှုပ်နှံလာခဲ့တယ်လို့ သိရပါတယ်။
Reference : Xinhua.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger