အမေရိကန်မှ အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့် Google မှာ ၎င်းတို့၏ ပထမဆုံးသော အလိုအလျောက် မောင်းနှင်သည့် မော်တော်ကားများကို
အများပြည်သူသုံး လမ်းမများပေါ်တွင် များမကြာမီ အချိန်အတွင်း စတင် မောင်းနှင်တော့မည် ဖြစ်သည်။ အဆိုပါ အလိုအလျောက် ကားများကို လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်ကပင် Standford တက္ကသိုလ်တွင် ထုတ်လုပ်နေခြင်း ဖြစ်ပြီး အလိုအလျောက် မောင်းနှင်ရန် အတွက် GPS နှင့် အခြား နည်းပညာများကို အသုံးပြုထားခြင်းပင် ဖြစ်သည်။
တနင်္လာ နေ့က နီဗားဒါး ပြည်နယ်တွင် ယင်းကားအတွက် စမ်းသပ် မောင်းနှင်ခွင့် ပေးရန် အမိန့် ထုတ်ပေးလိုက်ပြီး ဖြစ်ကာ ယင်းသို့ မောင်းနှင်ရာတွင်လည်း ကားပေါ်တွင် အနည်းဆုံး လူ ၂ ဦးပါမှသာ မောင်းနှင်ခွင့်ပြုမည် ဖြစ်သည်ဟု သိရသည်။ လေဆာရောင်ခြည် စနစ်နှင့် ရေဒါ စနစ်လည်း ပါဝင်သည့် အဆိုပါ ကားများမှာ ယာဉ်တိုက်မှုများမှ ကာကွယ်နိုင်ရန် အတွက် အကွာအဝေးများကိုလည်း အလိုအလျောက် တိုင်းတာ သိရှိကာ မောင်းနှင့်စေမည် ဖြစ်သည်။
အဆိုပါ ကားများကို မောင်းနှင်သူများ အနေဖြင့် လက်ကိုင်ခွေနှင့် မြန်နှုန်းမြှင့် ခြေနင်းကို နင်းစရာ မလိုဘဲ မောင်းနှင်နိုင်မည် ဖြစ်သည်။ ယင်းကားများတွင် သတင်း အချက်အလက်ပြ မြေပုံနှင့် အခြား သတင်း အချက်အလက်များကို ထည့်သွင်းထားကာ ကြိုတင် သတ်မှတ်ထားသည့် နေရာများသို့ လူနှင့်ကားများကို ရှောင်တိမ်းကာ မောင်းနှင်နိုင်ကြောင်းလည်း သိရသည်။ ယခု ကားများကို အမြင်အာရုံ ချို့တဲ့သူ ယာဉ်မောင်းများကို ရောင်းချနိုင်ရန် Google တို့ မျှော်လင့်ထားသည်။
source: NHK news

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။