ကောလိပ် ကျောင်းဆင်း လက်မှတ်မှာ အတုပြုလုပ်ထားခြင်း ဖြစ်ကြောင်း အငြင်းပွားဖွယ် ဖြစ်ရပ်များ ဖြစ်လာ အပြီးတွင် အင်တာနက် ကုမ္ပဏီကြီး ဖြစ်သည့်
Yahoo မှာ လက်ရှိ ဒါရိုက်တာ ဖြစ်သူ Patti Hart အား အမှုဆောင်ချုပ် Scott Thompson ကို ငှားရမ်းခဲ့မှုဖြင့် ရာထူးမှ နုတ်ထွက်စေရန် ဖိအားပေးခဲ့ပြီးနောက် ဒါရိုက်တာ အဖြစ်မှ အနားယူစေခဲ့ပြီ ဖြစ်သည်။
Yahoo ဘုတ်အဖွဲ့မှာ ယခုလို လက်မှတ်တုဖြင့် အလုပ်ဝင်ခဲ့သူ Scott Thompson ကို ရွေးချယ်ရန် တာဝန်ပေးခဲ့သည့် International Game Technology မှ အမှုဆောင်ချုပ်လည်း ဖြစ်သည့် Patti Hart အား ရာထူးမှ နုတ်ထွက်စေခဲ့ခြင်း ဖြစ်ကာ သူမမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က Yahoo ဘုတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ကော်ပိုရိတ် အုပ်ချုပ်ရေးနှင့် ဝန်ထမ်း ခန့်အပ်ရေး ကော်မတီ တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ယခုလို ဖြစ်ရပ်မှာ Yahoo တို့အနေဖြင့် ကုမ္ပဏီ ရပ်တည်နိုင်ရေး အတွက် ရုန်းကန် နေရချိန်တွင် ဖြစ်ပေါ်ရခြင်း ဖြစ်ကာ ယခင်လကလည်း အလုပ်အကိုင် ၂၀၀၀ ကို လျော့ချခဲ့ရပြီး ဖြစ်သည်။
source : All Things Digital

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။