သမိုင်းမတင်မီ ကာလက ကမ္ဘာမြေကြီးပေါ်တွင် ကြီးစိုးခဲ့ကြသော ကြီးမားသည့် သတ္တဝါကြီးများ ဖြစ်သည့် ဒိုင်နိုဆော သတ္တဝါများ ကမ္ဘာကြီးပေါ်မှ
ပျောက်ကွယ် သွားခဲ့ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အဖြေမျိုးစုံ ထွက်ခဲ့ကြကာ တိကျသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသေးပေ။ ယခုလည်း ဗြိတိန်ရှိ သိပ္ပံပညာရှင်များမှာ သီအိုရီ အသစ် တစ်ခုကို အခြေပြုပြီး စမ်းသပ်ချက် အရ တစ်ချိန်က ဒိုင်နိုဆော သတ္တဝါကြီးများ အဘယ်ကြောင့် မျိုးသုဉ်း ပျောက်ကွယ်ခဲ့ ရသည့် အချက်တစ်ခုကို ဖော်ထုတ် လိုက်ပြန်ပြီ ဖြစ်သည်။
အဆိုပါ သတ္တဝါများမှာ လေပွမှုကြောင့် သေဆုံးခဲ့ရပုံ ရကြောင်း အဘယ်ကြောင့်ဆိုသော် အသားများကို ချေဖျက်သည့် အတွက် ဘေးထွက် ထုတ်ကုန်အဖြစ် ဝမ်းဗိုက်ထဲမှ မိသန်း ဓါတ်ငွေ တစ်နှစ်လျင် တန်ချိန် သန်း ၅၃၀ အထိ ထုတ်လွှတ်ရခြင်းကြောင့် ဖြစ်ကာ ယင်းပမာဏမှာ လက်ရှိ လူသားများနှင့် သဘာဝ တရားမှ ထုတ်လွှတ်နေသည့် ပမာဏနှင့် အကြမ်းဖျင်းအားဖြင့် အတူပင် ဖြစ်ကာ ကမ္ဘာကြီးကို ပူနွေးစေပြီးနောက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး ကမ္ဘာပျက်ခဲ့ရသဖြင့် ယင်းသို့ သေဆုံးခဲ့ရခြင်းပင် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် အပင်စား ဆော်ရိုပေါ့ဒ် သတ္တဝါများမှာလည်း တစ်ရက်လျင် တစ်ချိန် ထက်ဝက်ခန့် ပမာဏရှိသည့် အပင်များကို စားသုံးခြင်းကြောင့်လည်း ဖြစ်ကြောင်း ယင်းလေ့လာချက်တွင် ဖော်ပြခဲ့သည်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။