ပြည်တွင်းက အအေးခန်း စက်ရုံ ၁၀ ရုံဟာ ဇွန်လမှ စတင်ကာ CMP စနစ် ကုန်ကြမ်းကို ပြည်ပမှ မှာယူကာ ကုန်ချော ထုတ်လုပ်တဲ့ လက်ခစား စနစ်နဲ့
လည်ပတ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရေထွက် ပစ္စည်း တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ ပြောကြား ချက်အရ သိရပါတယ်။ အဲ့ဒီ CMP စနစ်ကို ဧပြီလ ကုန်ပိုင်းက မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာနက လုပ်ကိုင်ခွင့် ပြုလိုက်ပြီး ဖြစ်ပေမယ့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာန ကိုတော့ ဆက်လက် လျှောက်ထား ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ CMP စနစ်နဲ့ အအေးခန်း စက်ရုံ များမှာ လည်ပတ်ဖို့ အတွက် ရေထွက် ပစ္စည်း ကုန်ကြမ်း များကို အာဂျင်တီးနား နိုင်ငံက မှာယူဖို့ ဆောင်ရွက် ထားတယ်လို့ မြန်မာနိုင်ငံ ရေထွက် ပစ္စည်း တင်ပို့ရောင်းချ သူများ အသင်းမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ ဒီလို CMP စနစ်နဲ့ အအေးခန်း စက်ရုံများမှာ ဆောင်ရွက် မယ်ဆိုရင် ပြည်တွင်းက သံယံဇာတ များကိုလည်း ထိန်းသိမ်းရာ ရောက်ခြင်း၊ စက်ရုံ အလုပ်ရုံများ ရပ်နားထားမှု မရှိခြင်းနဲ့ ၀န်ထမ်း စရိတ်ကို လျှော့ချခြင်းများ အတွက် အထောက်အကူ ပြုနိုင်တယ်လို့ သတင်း ရရှိပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။