Google Maps ကို Apple မှ အသုံးမပြုတော့

Tuesday, May 15, 20120 မှတ်ချက်များ

Apple ကုမ္ပဏီဟာ ၎င်းရဲ့ မိုဘိုင်း ပလက်ဖောင်း iOS 6 မှာ ၎င်းရဲ့ ကိုယ်ပိုင်တည်နေရာပြစနစ်ကို အသုံးပြုမှာဖြစ်တာကြောင့် Google Maps ကို
 ချန်လှပ်ထားခဲ့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ Apple ရဲ့ Application ဒီဇိုင်းဟာ iPhone, iPad နဲ့ iPod တွေမှာ လက်ရှိအသုံးပြုနေတဲ့ ဂူဂဲလ်မက်စ် ပရိုဂရမ်နဲ့ အတော်လေး ဆင်တူကြောင်း သိရပါတယ်။
 
ဒါပေမယ့် Apple ရဲ့စနစ်က ပိုပြီး ရိုးရှင်းခြင်း၊ မြန်ဆန်ခြင်းနဲ့ ပိုမိုယုံကြည်အားထားနိုင်တဲ့ အတွေ့အကြုံရှိခြင်းတို့နဲ့ ပြည့်စုံကြောင်း နည်းပညာ ၀က်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က Apple ဟာ  Place base ၊ C3 Technologies နဲ့ Poly 9 ဆိုတဲ့ တည်နေရာပြ စနစ်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ အတွေ့အကြုံတွေကနေ Apple ဟာ ကိုယ်ပိုင်စနစ်ကို ထူထောင်ဖို့ သတင်းအချက်အလက် စုဆောင်းနိုင်ခဲ့ပြီး ဂူဂဲလ်အပေါ် မှီခိုမှုကို လျှော့ချခဲ့ တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း Apple ဟာ ၎င်းရဲ့ iOS iPhoto Application ကို အသုံးပြုပြီး iPad နဲ့ iPhone  တို့မှာ ဓာတ်ပုံတွေ အမျိုးအစားအလိုက် စုဆောင်းပေး တဲ့ စနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ အဲ့ဒီနည်းပညာဟာ C3 Technologies ဆိုတဲ့ ဆွစ်ဇာလန် ကုမ်္ပဏီကနေ တိုက်ရိုက်ရယူထားတာ ဖြစ်ပါ တယ်။ Apple  ဟာ ၎င်းရဲ့ နှစ်ပတ်လည် Worldwide Developers ညီလာခံကို ဆန်ဖရန်စစ္စကိုမြို့မှာ ဇွန်လ ၁၁ရက်ကနေ ၁၅ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားပြီး ယခုနှစ်အတွက် အဓိကကြေညာချက်အဖြစ် ၎င်းရဲ့ မိုဘိုင်း အော်ပရေးတင်းစနစ်ရဲ့ ဆဌမမြောက် မျိုးဆက်ဖြစ်တဲ့ iOS 6 ကို ပွဲထုတ်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
 
 
Reference : Xinhua.com
 
 

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger