၂၀၀၇ ခုနှစ် မော်ဒယ်အထက်
ယာဉ်တင်သွင်းမှုများအတွက် နိုင်ငံခြားငွေ စာရင်းအသစ် ဖွင့်လှစ်မှုကို
နိုင်ငံခြားငွေစာရင်းဖွင့်လှစ် ပေးလျက်ရှိတဲ့ နိုင်ငံပိုင် ဘဏ် ၃ ခုမှာသာ ဖွင့်လှစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖွင့်လှစ်မှုကို ရန်ကုန်ရှိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ကတော့ ရန်ကုန်နှင့် မန္တလေးရှိ ဘဏ်တွေမှာ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် MEB တို့မှာ ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံပိုင်ဘဏ်တွေမှာသာ နိုင်ငံခြားငွေစာရင်းအသစ်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပုဂ်္ဂလိက ဘဏ်တွေမှာတော့ အကောင့်သစ်ဖွင့်လှစ်နိုင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။
နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရ ပုဂ္ဂလိက ဘဏ်တွေမှာတော့ မိမိဝယ်ယူမယ့် ယာဉ်တန်ဖိုးအလိုက် နိုင်ငံခြားငွေကိုသာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားတင်သွင်းဖို့အတွက် နိုင်ငံခြားငွေ အကောင့်သစ် ဖွင့်လှစ်လိုသူတွေဟာ FEC ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁၀၀ ၊ မှတ်ပုံတင်ကဒ် ၊ မိမိတို့ ၀ယ်ယူထားတဲ့ money changer ကောင်တာမှ ဘောင်ချာစာရွက်နဲ့အတူ နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်မှုပုံစံမှာ ဖြည့်စွက်ပြီး အကောင့်သစ်ဖွင့်လှစ်ကာ ဘဏ်စာအုပ် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။