နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့်လုပ်ကိုင်သော ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ၃၀ကျော်ရှိ

Tuesday, May 15, 20120 မှတ်ချက်များ

ဟိုတယ်နဲ့ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်နဲ့စီးပွားရေး လုပ်ငန်းတွေမှာ
ပြည်ပကလာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ အဆောက်အအုံပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ဖွင့်တဲ့ ဟိုတယ်နဲ့ စီးပွားရေးအဆောက်အအုံ ၃၁ လုံးနဲ့ အခန်းပေါင်း ၅၁၄၅ ခန်းရှိကာ ရင်းနှီးမြှုပ်နှံမှု အားဖြင့်တော့ အမေရိကန်ဒေါ်လာ ၈၅၅ သန်းကျော်ရှိတာ ဖြစ်ပါတယ်။ ဒ့ါအပြင် ယခုလက်ရှိမှာ ပြည်ပရင်းနှီး မြှုပ်နှံမှုစီမံကိန်း ၅ ခုကိုလည်း ဆောက်လုပ်ဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်းမှာ ဟိုတယ်နဲ့စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေအတွက် ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေမှာ စင်္ကာပူနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပါတယ်။ ဒါ့အပြင်အခု၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြည်ပခရီးသွားများ လာရောက်မှုဟာ ယခင်ကထက် သိသာစွာပိုမိုများပြား လာတာကိုလည်း တွေ့ရပါတယ်။ ဒီလို များပြားလာတာနဲ့အညီ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍမှာလည်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ထပ်မံရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။



Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger