လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပထမ ၅
နှစ် စီမံကိန်းဖြစ်တဲ့ ၂၀၀၆-၂၀၁၀ ခုနှစ်အတွင်း မှာ လူကုန်ကူးမှု ပြုလုပ်တဲ့
တရားခံ ၁၀၈၉ ဦးကို ပြစ်ဒဏ်ချမှတ်
အရေးယူခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်ရာမှာ ထောင်ဒဏ်တစ်သက်အဖြစ် အမျိုးသား ၃၉ ဦး ၊ အမျိုးသမီး၂၆ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောင်ဒဏ်၂၅ နှစ်အဖြစ် အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၃ ဦးကို အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ် မှုကို အမျိုးသား ၈၇ ဦး ၊ အမျိုးသမီး ၁၀၀ ဦး အရေးယူခဲ့ပြီး ထောင်ဒဏ် ၁၅ နှစ်အဖြစ် အမျိုးသား ၃၆ ဦး ၊ အမျိုးသမီး ၆၇ ဦးကို အရေးယူခဲ့တာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်မှု ကိုတော့ အမျိုးသား ၂၃၈ ဦး ၊ အမျိုးသမီး ၄၇၀ ဦးနဲ့ ထောင်ဒဏ် ၅ နှစ်အဖြစ် အမျိုးသား ၁၁ ဦး ၊ အမျိုးသမီး ၆ ဦး ၊ ထောင်ဒဏ် ၃ နှစ်အဖြစ် အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦးတို့ကို ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ လူကုန်ကူးမှုမှ နောက်ထပ်တရားခံပြေး ၄၇၈ ဦး ကိုတော့ စုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ပထမ ၅ နှစ် စီမံကိန်း ကာလအတွင်းမှာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး အမှုပေါင်း ၆၄၁ မှုကို ဖော်ထုတ်နိုင်ခဲ့ကာ အဲ့ဒီအမှုတွေအတွင်း ပါဝင်တဲ့ လူကုန်ကူးခံရသူ ၁၁၇၇ ဦး ကိုတော့ မိဘတွေထံ ပြန်လည်ပေါင်းစည်း ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။