နီပေါနိုင်ငံတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုး ကူးစက်ပျံ့ပွား

Tuesday, May 15, 20120 မှတ်ချက်များ

နီပေါနိုင်ငံ အနောက်ပိုင်း Myagdi ခရိုင်က Arman ကျေးရွာအုပ်စုမှာ လူ ၂၀၀ခန့် အမျိုးအမည် မခွဲခြားနိုင်တဲ့ ရောဂါတစ်မျိုး ကူးစက်ခံစားခဲ့ရကြောင်း
 ဒေသခံမီဒီယာ က ပြီးခဲ့တဲ့စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါရောဂါကို မိသားစု ၅၀ခန့် အများဆုံးခံစားခဲ့ရပြီး ရောဂါသည်တွေဟာ ခန္ဓာကိုယ်တုန်ရီခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ အဖျားတက်ခြင်းနဲ့ သတိလစ်မေ့မြောခြင်း စတဲ့ ဝေဒနာတွေကို ခံစားကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
 
အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးသူငယ်တွေက အဆိုပါရောဂါကို အများဆုံး ကူးစက်ခံစား နေရပြီး ရွာသားတွေဟာလည်း အလားတူ ရောဂါလက္ခဏာများ ခံစားရပါက အမျိုးအမည် မခွဲခြားနိုင်တဲ့ ရောဂါဖြစ်တာကြောင့် ထိတ်လန့် ခြောက်ခြားနေကြကြောင်း သိရပါတယ်။ ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေး ရုံးကလည်း အဆိုပါ အမျိုးအမည်မသိတဲ့ ရောဂါပျံ့နှံ့နေတဲ့ ကျေးရွာတွေမှာ ထိရောက်တဲ့ ဆေးဝါးတွေ ဖြန့်ဖြူးပေးဖို့ ကျန်းမာရေး ဌာနတွေကို တိုက်တွန်း နှိုးဆော်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ Arman ကျန်းမာရေးဌာနဟာ အဆိုပါရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ ရွာသားတွေကို ဆေးဝါး ဖြန့်ဖြူးပေးနိုင်ဖို့ ကျန်းမာရေး ပြုစုစောင့်ရှောက်တဲ့ စခန်းတစ်ခုကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရပါတယ်။
 
 
Reference : Xinhua.com
 
 

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger