တရုတ်နိုင်ငံတွင် အဆိပ်သင့် ဂေါ်ဖီထုပ်များနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး

Tuesday, May 15, 20120 မှတ်ချက်များ

တရုတ်နိုင်ငံမှာ ဂေါ်ဖီထုပ်တွေကို ကြာရှည်ခံ လတ်ဆတ်နေစေဖို့အတွက် အန္တရာယ်ရှိတဲ့ ဖော်မယ်ဒီဟိုက် ဆေးရည်တွေ ပက်ဖျန်းတာနဲ့ ပတ်သက်ပြီး
တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နိုင်ငံအရှေ့ပိုင်းရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာ Shandong ပြည်နယ်က ဟင်းသီးဟင်းရွက် ကုန်သည်တွေဟာ ဂေါ်ဖီထုပ်တွေကို ဈေးသို့ တင်ပို့ရာမှာ ကြာရှည်ခံပြီး လတ်ဆတ်နေစေဖို့အတွက် ဓာတုပစ္စည်းတွေ အသုံးပြုနေကြောင်း မီဒီယာတွေနဲ့ အင်တာနက် သတင်းတွေမှာ ဖော်ပြထားတာကြောင့်  အခုလို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
 
အဆိုပါ ဖော်မယ်လ်ဒီဟိုက် ဆေးရည်ကို ဓာတ်ခွဲခန်းအတွင်း နမူနာပစ္စည်းတွေနဲ့ ရုပ်အလောင်းတွေကို မပုပ်မသိုးရအောင် အသုံးပြုတာဖြစ်ပြီး စားသုံးမိပါက ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။ အဲဒီလို ဓာတုဆေးရည်တွေ အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေကို တာရှည်ခံအောင် ပြုလုပ်နေမှုကို  ဒေသခံအစိုးရအဖွဲ့က အတည်ပြု ပြောကြားခဲ့ပြီး ဒါဟာ ဂေါ်ဖီထုပ်တွေကို ကြာရှည်ခံအောင် အလွယ်တကူ အသုံးပြုနေတဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားပါတယ်။  ကုန်သည်တွေဟာ ဟင်းသီးဟင်းရွက်တွေကို သယ်ယူ ပို့ဆောင်ရာမှာ အဖိုးအခ ကြီးမြင့်တဲ့အအေးခန်း ကုန်တင်ယာဉ်တွေကို အသုံးမပြုကြပဲ အဆိုပါ ဓာတုဆေးရည်တွေကို အလွယ်အသုံးပြုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger