မညီမျှမှုနှင့် ခြိုးခြံ ချွေတာရေး
လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဥရောပ တစ်လွှားရှိ နိုင်ငံသားများ
အကြားတွင် ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း
NHK သတင်းတွင် ဖော်ပြသည်။ စပိန် နိုင်ငံတွင် လူရာပေါင်း ထောင်ပေါင်းများစွာမှာ မြို့ကြီး ၈ မြို့တွင် စနေနေ့က ဆန္ဒ ပြခဲ့ကြပြီး ၎င်းတို့အကြား အလုပ် လက်မဲ့နှုန်း မြင့်တက်လာမှုကို မကျေနပ်ကြောင့် ဖွင့်ဟခဲ့ကြသည်။
အလားတူပင် လန်ဒန် မြို့လယ်တွင် လူရာပေါင်းများစွာ စုစည်းကြပြီး သာမန် ပြည်သူများ အနေဖြင့် ခြိုးခြံ ချွေတာမှုများကို ဖိနှိပ် ခံစားနေရချိန်တွင် လက်တစ်ဆုပ်စာ လူစုမှာ နိုင်ငံ၏ ကြွယ်ဝမှုများကို ခံစားစံစား နေကြကြောင်း ကြွေးကျော်ခဲ့ကြသည်။ု ယင်းဖြစ်ရပ်များကြောင့် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ အကြား ထိပ်တိုက် တွေ့ဆုံခဲ့ပြီး လူ ၁၀ ဦးကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။
ဘယ်လ်ဂျီယံ မြို့တော် ဘရပ်ဆဲလ်တွင် ဆန္ဒပြသူများ စုရုံးခဲ့ကြပြီး ၎င်းတို့ အနေဖြင့် ၉၉ ရာနှုန်းသော ပြည်သူများကို ကိုယ်စားပြုကြောင်းနှင့် စီးပွားရေး ကွာဟမှုများကို လျော့ချရန် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့သည်။ အလားတူပင် ပေါ်တူဂီ မြို့တော်နှင့် ဂျာမနီ စီးပွားရေး မြို့တော် ဖရန့်ဖွတ်တွင်လည်း ဆန္ဒ ပြမှုများ ပြုလုပ်ခဲ့ကြကြောင်း NHK မှ ဆိုသည်။
source : NHK news

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။