Galaxy S3 ကို Samsung တို့ လန်ဒန်တွင် စတင်ပြသ

Monday, May 7, 20120 မှတ်ချက်များ

တောင်ကိုရီးယား နိုင်ငံမှ Samsung Electronics ကုမ္ပဏီမှာ ၎င်းတို့နောက်ဆုံး ထုတ်လုပ်ထားသည့် Galaxy S3 စမတ်ဖုန်းကို စတင် ပြသလိုက်ပြီ ဖြစ်ကာ

ကမ္ဘာ့ မိုဘိုင်းဖုန်း အရောင်းရဆုံး ကုမ္ပဏီ တစ်ခုအဖြစ် ဦးဆောင်နိုင်ရေး လမ်းကြောင်းသစ် ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ကြာသပတေး နေ့က လန်ဒန်တွင် စတင် ပြသခဲ့သည့် အဆိုပါ လက်ကိုင်ဖုန်းမှာ မျက်နှာပြင် အကျယ် ၄.၈ လက်မရှိပြီး ယခင် Galaxy S2 ထက် ၂၂ ရာနှုန်း ပိုမို ကြီးမားသည်။

သို့ရာတွင် ၎င်းတို့မှ ပြောရာတွင်မူ S2 ထက်စာပါက ပိုမို ကျယ်ပြန့်ခြင်း မရှိကြောင်း ပြောခဲ့သည်။ Samsung တို့ မှာ ယခုနှစ် ပထမ သုံးလအတွင်း ဖုန်းအလုံးရေ ၄၄.၅ သန်း တင်ပို့ခဲ့ရပြီး အမေရိကန်မှ ပြိုင်ဖက် Apple တို့၏ တင်ပို့မှု ဖြစ်သည့် ၃၅.၁ သန်းထက် ပိုမို ရောင်းချခဲ့ရသည်။ အလားတူပင် နောက်ထပ် နာမည်ကြီး တံဆိပ်ဖြစ်သည့် Nokia ထက်လည်း ပိုမို ရောင်းချခဲ့ရကြောင်း သိရကာ ယခုလည်း S3 ကို ပြိုင်ဘက်များ အတွင်း နောက်ထပ် ယှဉ်ပြိုင်နိုင်ရန် အတွက် ထုတ်လုပ်လိုက်ပြန်ပြီ ဖြစ်သည်။

source : channelnewsasia.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger