၁ မိနစ် ၂ ကျပ်နှုန်းဖြင့် GSM ဖုန်းများအတွက် အင်တာနက် သုံးစွဲခကို ပြန်လည် သတ်မှတ်

Monday, May 7, 20120 မှတ်ချက်များ

GSM ဖုန်းများရဲ့ အင်တာနက် သုံးစွဲခ နှုန်းထားများကို ယခင်က ၁ မိနစ်ကို ၄ ကျပ်နှုန်း သတ်မှတ် ထားပေမယ့် အခုအခါ GSM အင်တာနက် သုံးစွဲခကို

၁ မိနစ် ၂ ကျပ်နှုန်းနဲ့ ပြန်လည် သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို GSM ဖုန်းတွေရဲ့အင်တာနက် သုံးစွဲခတွေကို ပြောင်းလဲ လိုက်ပေမယ့် WCDMA နဲ့ 800 MHz ဖုန်းများ အတွက် ကိုတော့ ၁ မိနစ်လျှင် ၄ ကျပ်နှုန်း အတိုင်းသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်တာနက် လျှောက်ထားခွင့် များကို မေလ ၇ ရက်နေ့မှ စတင်ကာ လျှောက်ထားခွင့် ပြန်လည် ခွင့်ပြုလိုက်ပြီးလည်း ဖြစ်ပါတယ်။

အခုလို လျှောက်ထား ရာမှာတော့ GSM ဖုန်းများနဲ့ WCDMA ဖုန်းများ သာမကဘဲ 800 MHz (730) ဖုန်းတွေ အတွက် အင်တာနက် လျှောက်ထား နှုန်းမှာ တစ်သောင်း ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လျှောက်ထား ရာမှာ GSM ဖုန်းများနဲ့ WCDMA ဖုန်းများ အတွက် ကိုတော့ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေဖြစ်တဲ့ ရွှေဂုံတိုင်၊ လမ်း(၄၀)၊ စာတိုက်ကြီး၊ ပန်းဆိုးတန်း အစရှိတဲ့ ဆက်သွယ် ရေးရုံးတွေမှာ မေလ(၇) ရက်နေ့မှ စတင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း ဖုန်းတွေ အနေနဲ့တော့ မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ထားတဲ့ ကုမ္ပဏီတွေမှာ လျှောက်ထား နိုင်ပြီး 09-730.....800 MHz ဖုန်းတွေ အတွက် ကိုတော့ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေမှာသာ သွားရောက် လျှောက်ထားရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger