လှိုင်သာယာ မြို့နယ်တွင် မီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦး သေဆုံးခဲ့

Monday, May 7, 20120 မှတ်ချက်များ

မေလ ၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ် ၁၉ ရပ်ကွက် တောင်ငူလမ်း အမှတ် (၇၈၇)က/ခမှာ

မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး မီးလောင် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ အခုလို ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုဟာ ပေ ၂၀ ၊ ပေ ၆၀ သွပ်မိုး ပျဉ်ထောင် ပျဉ်ခင်း တစ်ထပ်လိုင်း ခန်းတွဲမှာ လျှပ်စစ်မီးနဲ့ ထမင်းအိုး တည်ရာမှ ၀ါယာကြိုး အပူလွန်ကဲကာ အ၀တ်စကို မီးကူးစက် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်း မှုကြောင့် သွပ်မိုး ပျဉ်ထောင် ပျဉ်ခင်း လိုင်းခန်းတွဲ ၂ တွဲ မီးလောင် ခံရပြီး ဆုံးရှုံးမှု တန်ဖိုး အနေနဲ့ ငွေကျပ် ၁၂ သိန်းဖိုးခန့် ဆုံးရှုံး ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်ကျွမ်း မှုဟာ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်က စတင် လောင်ကျွမ်းခဲ့ပြီး ၇ နာရီ မိနစ် ၅၀ မှာ မီးသတ် ဦးစီးဌာနက သတင်းရတဲ့ အတွက် သွားရောက် ငြှိမ်းသတ် ခဲ့တာကြောင့် ၈ နာရီ ၃ မိနစ် အချိန်မှာ မီးထိန်း နိုင်ခဲ့ပြီး ၈ နာရီ ၂၃ မိနစ် အချိန်မှာ မီးငြိမ်း သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် မီးဘေး ဒုက္ခ ရောက်ခဲ့တဲ့ အိမ်ထောင်စု ၈ စုမှာရှိတဲ့ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၄ ဦးကို လက်ရှိမှာ လှိုင်သာယာ မြို့နယ် အမက ၃၂ မှာ ကယ်ဆယ်ရေး စခန်း ထားရှိပေး ထားပါတယ်။ အခုလက်ရှိ မှာတော့ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားတဲ့ နေအိမ်မှာ နေထိုင်သူကို ပ ၄၉၃/၂၀၁၂ ပုဒ်မ(၂၈၅)ပုဒ်မ (၃၀၄)နဲ့ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger