ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်လွှာများစောင်ရေ ၈၀ ကျော် ရောင်းချပြီး

Monday, May 7, 20120 မှတ်ချက်များ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့်

လျှောက်လွှာများကို မေလ ၂ ရက်နေ့က စတင် ရောင်းချခဲ့တာ ယနေ့အထိ လျှောက်လွှာ ၈၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်လွှာကို မေလ ၂ ရက်နေ့က အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ရုံး၊ မြန်မာ့ အာမခံ လုပ်ငန်း ရုံးချုပ်မှာ အာမခံ လုပ်ငန်း လျှောက်လွှာများ၊ အာမခံ လုပ်ငန်း ဥပဒေ၊ နည်းပဒေ များကို မြန်မာကျပ်ငွေ တစ်သောင်း ငါးထောင် ကျပ်နဲ့ ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပုဂ္ဂလိက အာမခံ လုပ်ကိုင်ခွင့် လျှောက်လွှာများကို သတ်မှတ် စည်းကမ်းချက် များနဲ့အညီ ပြည့်စုံစွာ ဖြည့်ပြီး ဇွန် ၁ ရက်နေ့မှ ဇွန် ၂၉ ရက်အတွင်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ရုံးကို လျှောက်လွှာ တင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လာရောက် လျှောက်ထားတဲ့ လျှောက်လွှာ တွေကို ဇူလိုင်လမှာ စစ်ဆေး လက်ခံ သွားမှာ ဖြစ်ပြီး သြဂုတ်လ ထဲမှာ ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီး ဌာနရဲ့ အတည်ပြု ချက်ကို ရယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အတည်ပြုချက် ရရှိပြီးတဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွဟာ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger