လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က တရုတ် နိုင်ငံရှိ အကြီးဆုံး အင်တာနက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Alibaba မှ ဝယ်ယူထားခဲ့သော ရှယ်ယာများထဲမှ
ထက်ဝက်ခန့်ကို Yahoo တို့မှ မူရင်း ကုမ္ပဏီသို့ ပြန်လည် ရောင်းချရန် အတွက် ရက်သတ္တပတ် အနည်းငယ်သာ လိုတော့ကြောင်း အတွင်း သတင်း တစ်ရပ်ကို ကိုးကားပြီး reuters သတင်းတွင် ဖြော်ပသည်။
ယခုလို ရောင်းချမှုတွင် ယင်းတို့ ပိုင်ဆိုင်ထားသည့် ၄၀ ရာနှုန်းသော ရှယ်ယာများထဲမှ ၁၅ ရာနှုန်းမှ ၂၅ ရာနှုန်း အထိ ပြန်လည် ရောင်းချနိုင်ကြောင်း သိရကာ ကုမ္ပဏီ နှစ်ခုအကြား ရှုပ်ထွေးသည့် သဘောတူညီမှုများကို ရှင်းလင်းနိုင်ရန် အတွက် ဖြစ်သည်ဟု အဆိုပါ ကိစ္စနှင့် နီးစပ်သူမှ ပြောသည်။ ယခုလို ကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီ ၂ ခုမှာ တစ်လကြာအောင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းသို့သော သဘော တူညီမှု ဖြစ်လာနိုင်မည်ဟု အာမခံချက် မပေးနိုင်ကြောင်းလည်း အဆိုပါ သတင်း အရင်းအမြစ်မှ ပြောသည်။ တစ်ချိန်က သဘောတူညီခဲ့သည့် အဆိုပါ ရှယ်ယာ လဲလှယ်ရေးမှာ ဒေါ်လာ ၁၇ ဘီလီယံ တန်ဖိုးရှိပြီး အခွန်မဲ့ သဘောတူညီမှု ဖြစ်ကာ လွန်ခဲ့သည့် ဖေဖော်ဝါရီလက စတင်ပြီး သဘောထား ကွဲလွဲခဲ့ကြခြင်း ဖြစ်သည်။
source : reuters

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။