ယခုသီတင်းပတ်ကုန်တွင် လကမ္ဘာ အရွယ်အစား ပိုမိုကြီးမားပြီး ပိုမိုထွန်းလင်း တောက်ပမည်

Monday, May 7, 20120 မှတ်ချက်များ

ယခုနှစ်ရဲ့ အတောက်ပဆုံးနဲ့ လအရွယ်အစား အကြီးမားဆုံး လပြည့်ညရဲ့ အလင်းရောင်ဟာ မြောက်အမေရိက နိုင်ငံတွေရဲ့ ညကောင်းကင်ယံမှာ

ယခုသီတင်းပတ် ကုန်အတွင်း ထွန်းလင်း တောက်ပမယ်လို့ သိရပါတယ်။ အဆိုပါ အချိန်ကာလမှာ လရဲ့အရွယ်အစားဟာ သာမန် လပြည့်ချိန်ကထက် ယေဘုယျ အားဖြင့် ၁၄ရာခိုင်နှုန်း ပိုမိုကြီးမားမှာဖြစ်သလို လရဲ့ အလင်းရောင်ဟာ ယခင်ကထက် ၃၀ရာခိုင်နှုန်း ပိုမိုထွန်းလင်းတောက်ပမှာ ဖြစ်ပါတယ်။ ဒီလို Supermoon ဖြစ်ရပ်မျိုးဟာ လနဲ့ ကမ္ဘာဂြိုဟ် အနီးကပ်ဆုံး ရောက်ရှိတဲ့အချိန်၊ တစ်နှစ်မှာ တစ်ကြိမ် ခန့် ဖြ စ်ပေါ်လေ့ ရှိပါတယ်။
အဲ့ဒီအချိန်မှာ လရဲ့ ဘဲဥပုံ ဂြိုဟ်ပတ်လမ်းဟာ ကမ္ဘာ ဂြိုဟ်နဲ့ မိုင်ပေါင်း သုံးသောင်းတစ်ထောင်ခန့် နီးကပ်လာခဲ့တာဖြစ်ပါတယ်။ အခုလို လအရွယ်အစား ပိုမိုကြီးမားပြီး အလင်းရောင် ပိုမိုတောက်ပတဲ့ လပြည့်ညကို အကောင်းဆုံးကြည့်ရှု ခံစားနိုင်မယ့် အချိန်ကတော့ မိုးကုပ်စက်ဝိုင်း အထက်ကို လမြင့်တက်လာတဲ့ အချိန်ဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။ ဒီလို Supermoon ဖြစ်စဉ်ကို တရုတ်နိုင် ငံ ပေကျင်းမြို့ မှာ တော့ တနင်္ဂနွေနေ့ နေ့ခင်းအချိန်မှာ ဖြစ်ပေါ်မှာ ဖြစ်တာကြောင့် မြို့ခံတွေ အနေနဲ့ မှန်ပြောင်းဒါမှမဟုတ် နက္ခတ္တဗေဒဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေနဲ့သာ ကြည့်မြင်နိုင်မယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဒီရေအတက်အကျ ဖြစ်ပေါ်နိုင်ပေမယ့် ငလျင်တွေ၊ မီးတောင် ပေါက်ကွဲမှုတွေလိုမျိုး သဘာဝ ဘေးအန္တရာယ်တွေ မကျရောက်နိုင်ကြောင်း ကျွမ်းကျင် သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က မတ်လ ၁၉ရက်နေ့မှာ Supermoon ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရပြီး၊ လာမယ့်နှစ် ဇွန်လ ၂၃ရက်နေ့မှာလည်း အလား တူဖြစ်ရပ်ကို နောက်တစ်ကြိမ် ပြန်လည် တွေ့ကြုံရမှာ ဖြစ်ကြောင်း သိရပါတယ်။
Reference : UPI,Xinhua.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger