FATHER LAND မှကျင်းပသည့် ပုသိမ်အထူးဈေးရောင်းပွဲတော်စည်ကား

Monday, May 21, 20120 မှတ်ချက်များ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် 18-5-2012 မှ 21-5-2012 အထိအငြိမ့်ပွဲများ၊ ဈေးရောင်းပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီးအထူးစည်ကားခဲ့ကြောင်းသိရှိပါသည်။ အဆိုပါဈေးရောင်းပွဲတော်တွင် ဖိုးချစ်ဇာတ်သဘင်၊ 5 star အငြိမ့်၊ တေးသံရှင်အေသင်ချိုဆွေတို့၏ ဖျော်ဖြေမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပသော ဈေးရောင်းပွဲတော်တွင် fatherland မှတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ကိုးရီယားနိုင်ငံထုတ်စက်ပစ္စည်းများ၊ ဂျာမဏီနိုင်ငံထုတ်စက်ပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ကုန်အရောင်းဆိုင်များတွင်လည်း ၀ယ်ယူသူများဖြင့် အထူးစည်ကားသောဈေးအရောင်းပွဲတစ်ခုဖြစ်ကြောင်းသတင်းရရှိပါသည်။ ယခုအချိန်တွင် ဈေးရောင်းပွဲတော်များနှင့် စည်ကားသောအချိန်ကာလဖြစ်သည့်အားလျော်စွာ ဧရာဝတီတိုင်းပုသိမ်မြို့တွင် အဆိုပါဈေးရောင်းပွဲတော်ကဲ့သို့ ဈေးရောင်းပွဲတော်များဖြင့် စည်ကားသည့်အချိန်ကာလဖြစ်ပါသည်။ ယခုကဲ့သို့သော ဈေးရောင်းပွဲတော်များကျင်းပခြင်းကြောင့် ကုန်ပစ္စည်းထုတ်ကုန်သစ်များဖြင့် လူသုံးကုန်ပစ္စည်းများစွာတို့အား လွယ်ကူလွတ်လပ်စွာဝယ်ယူရောင်းချနိုင်ခြင်းအထူးဈေးနှုန်းသက်သာခြင်းအစရှိသော အကျိုးကျေးဇူးများရရှိကြောင်း ရောင်းဝယ်သူများထံမှ သိရှိရပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger