နိုင်ငံတော် သမ္မတကြီး နဲ့.စည်ပင်ဝန်ကြီး သိစေရန်
ပြည်ပမှ ကားတွေတင် သွင်းခွင့်ပြုလိုက်လို. ကားဝယ်နိုင်သူတွေ ... ၂ သိန်း ၊ ၂ သိန်းခွဲ ဖုန်းတွေ ရောင်းပေးလို. ဖုန်း.၀ယ်ကိုင်နိုင်သူတွေ အဆင်ပြေကြရပါတယ်။ဒီထဲမှာတော့ ကျွန်တော်တို. ကွမ်းခြံကုန်း မြိုနယ်က (၇၀၀)ကျော်သော ဆိုက္ကားသမားများ လုံးဝမပါဝင်ပါဘူးခင်ဗျာ။အကြောင်
းကတော့ မြို.ပေါ်မှာ ကားဂိတ်ဆိုတာ နေရာ သတ်မှတ်ချက်မရှိ ၊ကား၊ထော်လာဂျီတွေ ၊ရပ်ချင်တဲ့နေရာ ရပ် ၊ ကုန်တင်ချင် ချချင်တဲ့နေရာ တင်ချ ၊ဈေးထဲ အရောက်နေရာအနှံ.၀င်ထွက် ၊ လိုင်စင်မဲ့ ဆိုင်ကယ် ၊လိုင်စင်ရှိ ဆိုင်ကယ် ကယ်ရီတွေကလည်း နေရာ အနှံ ပြေးဆွဲ ၊လိုင်စင်မဲ့ ဆိုက္ကားတွေ လည်း မနည်းမနော ၊ အခုဆို သုံးဘီး ဆိုင်ကယ်တွေတောင် ရောက်လာနေပါပြီ။ဖြစ်ချင် သလိုဖြစ်နေပြီး၊ ဘယ်သူကမှလည်း အရေးမယူ ၊ဒါကြောင့် မို. တရားဝင်ဆိုက္ကား သမားများ လုပ်စားစရာ နေရာမရှိ ဖြစ်နေရပါတယ်။
ပိုဆိုးတာက ရန်ကုန်မြို.တော် စည်ပင် အတွင်းမြို.နယ်တွေက ဆိုက္ကားတစ်စီး ကို သက်တမ်းတိုးလိုင်စင်ခ ကျပ်သုံးထောင် ၀န်းကျင် သာပေးဆောင်ရပေမဲ့ ၊ ကွမ်းခြံကုန်း စည်ပင်ကတော့ ကျပ် ၁၃၀၀၀ (တစ်သောင်းသုံးထောင်) ချိန်ဆောင်ရမယ်လို.ပြောနေပါပြီ။ဆိုက္ကား တစ်စီးတန်ဖိုး ချင်းယှဉ်လျှင် ကျွန်တော် တို.ကွမ်းခြံကုန်း မြို.က ဆိုက္ကားတွေက ရန်ကုန် စည်ပင်ထဲက ဆိုက္ကားတွေထက် ဆယ်ဆ (၁၀ဆ) တစ်ဆ (၁ဆ) လောက်ဈေးနိမ့်ကျနေပါလျှက်နဲ. ဘာကြောင့် ကွမ်းခြံကုန်း မြို.က ၄ဆ လောက်ပိုပြီး ချိန်ဆောင်ခပေးနေရပါသလဲ ..ဆင်းရဲ့တဲ့ နိမ့်ကျတဲ့ အခြေခံလူတန်းစားတွေရဲ. အခက်အခဲ ကို နိုင်ငံတော် သမ္မတ ကြီးနဲ. စည်ပင် ၀န်ကြီးများသိရှိစေရန် တင်ပြလိုက်ရပါသည်ခင်ဗျား။
(ကွမ်းခြံသား)
မှတ်ချက် ။ ။အစ်ကို ရေ အဆင်ပြေသလိုတင်ပေးပါနော်။ခေါင်းစဉ်ကိုတော့ ဖြစ်နိုင်ရင် ကျွန်တော်တင်ပေးသလိုပဲရေးပေးပါ။အများပြည်သူဆင်ရဲ.သားတွေရဲ့ ဒုက္ခ ကို မကြည်ရက်လို. အများသိရှိစေ ရန်သတင်း ဖြန်ဝေပေးသော အစ်ကို အထူးပင်ကျေးဇူးတင်ပါတယ်။
ကိုလင်းဇာနည်က 4mmnews.co.cc ကိုသည်လိုပေးပို့ထားခြင်းဖြစ်ပါတယ်။
ပိုဆိုးတာက ရန်ကုန်မြို.တော် စည်ပင် အတွင်းမြို.နယ်တွေက ဆိုက္ကားတစ်စီး ကို သက်တမ်းတိုးလိုင်စင်ခ ကျပ်သုံးထောင် ၀န်းကျင် သာပေးဆောင်ရပေမဲ့ ၊ ကွမ်းခြံကုန်း စည်ပင်ကတော့ ကျပ် ၁၃၀၀၀ (တစ်သောင်းသုံးထောင်) ချိန်ဆောင်ရမယ်လို.ပြောနေပါပြီ။
မှတ်ချက် ။ ။အစ်ကို ရေ အဆင်ပြေသလိုတင်ပေးပါနော်။ခေါင်း
ကိုလင်းဇာနည်က 4mmnews.co.cc ကိုသည်လိုပေးပို့ထားခြင်းဖြစ်ပါတယ်။
--
zarni☻♥♣♠○◘•♦

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။