ချမ်းအေးသာဇံမြို့နယ် ရဲမွန်တောင်ရှိ ကျူးကျော်အိမ်(၈၀)အား ဖယ်ရှားခိုင်း

Monday, May 21, 20120 မှတ်ချက်များ

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ ကျူးကျော်နေထိုင်ကြသူ အိမ်ထောင်စု(၈၀)ကျော် အား ယခုရက်ပိုင်းအတွင်း ဖယ်ရှားခိုင်းကြောင်း ဖယ်ရှားခံပြည်သူများထံက သိရှိရသည်။

ချမ်းအေးသာဇံမြို့နယ်၊ ရဲမွန်တောင်အကွက်(၃)တွင် နေထိုင်သူဦးရေမှာ အိမ်ထောင်စုရှစ်ဆယ်ကျော်ရှိပြီး သက်ကြီးရွယ်အိုများနှင့် ကျောင်းနေရွယ်ကလေးများပါဝင်လျှက်ရှိကာ အခြေခံအလုပ်များ လုပ်ကိုင်စားသောက် နေသူများဖြစ်ကြသည်။

ရဲမွန်တောင်ရပ်ကွက်တွင် ကျူးကျော်နေထိုင်လိုသူများအတွက် ပေါက်ဈေးများရှိခဲ့ပြီး အဆိုပါနေရာဝယ်ယူမှုအတွက် ရပ်ကွက်ရုံးများသို့ ငွေပေးရကြောင်း နေထိုင်နေသူများက ပြောပြသည်။

`` လမ်းမကြီးဘေးဆိုရင် ငါးသောင်း ၊ လမ်းအတွင်းထဲဆိုရင် သုံးသောင်းပေးရတယ်´´ ဟု ကိုမောင်မောင်က ပြောသည်။
အဆိုပါရပ်ကွက်တွင် နေထိုင်နေသူများမှာ ရပ်ကွက်ရုံးတွင် အလှည့်ကျကင်းစောင့်ပေးရပြီး ရပ်ကွက်လူကြီးများ၏ မခြေမငံ ဆက်ဆံမှုများ၊ အနိုင်ကျင့်မှုများလဲရှိကြောင်း သိရသည်။

ရဲမွန်တောင်တွင် နေရာရွှေ့ပြောင်းရဖွယ်ရှိနေသော ကျူးကျော်နေထိုင်သူများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အခြား လူမှုရေးအဖွဲ့များက လာရောက်မေးမြန်းကာ ကူညီမှုများပေးရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်လည်း ကျူးကျော်ရပ်ကွက်များရှိ နေထိုင်သူများအား ဖယ်ရှားခိုင်းနေကြောင်း ကိုလည်း သိရှိရသည်။
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များအား ဖျက်သိမ်းဖယ်ရှား ခိုင်းခြင်းများရှိနေသည့် အတွက် အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများက နိုင်ငံတော်သမ္မထံသို့ နေထိုင်မူ အတွက် စီစဉ်ပေးပါရန် မေလ(၁၄)ရက်နေ့က အသနားခံစာဖြင့် တင်ပြတောင်းဆိုထားကြောင်းကိုလည်း သိရှိရသည်။

ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်က ကျူးကျော်နေအိမ်ဆောက်လုပ် နေထိုင်သော အိမ်ထောင်စု(၇၀)ကျော် မှာ နာဂစ်မိ၍ ဧရာဝတီတိုင်းဒေသကြီး ဘက်က ပြောင်းရွှေ့လာသူများ ဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များ

Shwe Myitmakha Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger