ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဗန်းမောက်မြို့ရှိ ချောင်းများ ထိခိုက်ပျက်ဆီးပြီး တိမ်ကောလာနိုင်

Monday, May 21, 20120 မှတ်ချက်များ

ကျော်ဇင်မန်း(မြစ်မခ)
မေလ ၂၀ ၊ ၇န်ကုန်မြို့။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ ဒေသများတွင်ကျောက်ရွှေတူးဖော်ခြင်း လုပ်ငန်းများနှင့် ရွှေကျင်မျှောတိုက်ခြင်း လုပ်ငန်းများကြောင့်မြို့နယ်တွင်းရှိ တောင်ချောင်းနှင့်မဲဇာချောင်းတို့မှာ ရေစီးကြောင်းပြောင်းလဲခြင်း၊ မြစ်ကြောင်းပျက်ဆီးခြင်းတို့နှင့်ကြုံတွေ့နေရပြီး မြစ်တိမ်ကောနိုင်သော အနေအထားသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

ဗန်းမောက်မြို့ဒေသခံများမှာလည်း ရွှေတူးလုပ်ငန်းများကို တနိုင်တပိုင်လုပ်ကိုင်လာသောကြောင့် ဒေသတွင်းရှိ မဲဇာချောင်းနှင့် တောင်ချောင်းတို့တွင် မျှောတိုက်(ရွှေကျင်)သူများနှင့်ပြည့်နေကြောင်းတွေ့မြင်ရသည်။

“ပြောရမယ်ဆိုရင် ရွှေလုပ်ငန်းက အဆိုးဆုံးပဲ။ ဘယ်လောက်ထိလွန်လဲဆိုရင် ချောင်းအလယ်ခေါင်ထိ ဆင်းပြီးလုပ်ကြတာ။ တစ်နိုင်တစ်ပိုင်လုပ်တဲ့သူတွေများတော့ချောင်းတစ်လျှောက်ဘယ်နေရာကြည့်ကြည့် ရွှေရှာတဲ့သူတွေချည်းပဲ။
ဒေသခံတွေကလဲနားမလည်တော့ နောင်မှာ ဘာတွေဆိုးကျိုးဖြစ်လာမလဲဆိုတာ မသိကြဘူး”
ဟု ဗန်းမောက်မြို့နယ်ဒေသခံ၊ ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ ကိုညီညီအောင်ကပြောသည်။

အဆိုပါ ဒေသတွင်းရှိ တောင်ချောင်းမှာ ယခင်က ချောင်းအကျယ် ပေ ၂၅၀ ခန့်ရှိခဲ့ရာ ယခုအခါ ပေ ၇၀ ခန့်သာရှိပြီးချောင်းတစ်လျှောက်တွင်လဲ ရွှေလုပ်ငန်းများ လုပ်ကိုင်ပြီးစီး၍ ကျန်နေခဲ့သော ကျင်းများ ချိုင့်များဖြင့် ပြည့်နှက်လျက်ရှိနေသောကြောင့် ရေစီးကြောင်းကိုလည်း ထိခိုက်လျက်ရှိကြောင်း၊ထို့ပြင် ချောင်းအတွင်းကျန်ရှိနေသော ရေမှာလည်း ငါးများပင်မရှင်သန်လောက်အောင်
နောက်ကျိနေကြောင်း ကိုညီညီအောင်က ဆက်လျက်ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်အတွင်းလွန်ခဲ့သော၁၀ နှစ်ခန့်ကအဆိုပါဒေသများတွင် ရွှေလုပ်ငန်းလုပ်ကိုင်သူ သုံးလေးဦးခန့်သာရှိကြောင်း၊ အဆိုပါ လုပ်ငန်းများမှာလည်းတနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူများသာ ဖြစ်ကြောင်း၊ ၂၀၀၅ခုနှစ် နောက်ပိုင်းကာလများတွင် အဆိုပါ ဒေသတွင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများပြားလာပြီး ကုမ္ပဏီပေါင်း ၂၅ ခုအားလုပ်ငန်းချပေးပြီးနောက်လုပ်ငန်းလုပ်ကိုင်သူများ တိုးပွားလာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်အတွင်း လွန်ခဲ့သော ၁၀ နှစ်ခန့်က အဆိုပါဒေသများတွင် ရွှေလုပ်ငန်းလုပ်ကိုင်သူ သုံးလေးဦးခန့်သာရှိကြောင်း၊ အဆိုပါ လုပ်ငန်းများမှာလည်းတနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူများသာ ဖြစ်ကြောင်း၊ ၂၀၀၅ခုနှစ် နောက်ပိုင်းကာလများတွင် အဆိုပါ ဒေသတွင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများပြားလာပြီး ကုမ္ပဏီပေါင်း ၂၅ ခုအားလုပ်ငန်းချပေးပြီးနောက်လုပ်ငန်းလုပ်ကိုင်သူများ တိုးပွားလာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ လုပ်ငန်းများမှာ ရွှေတူးဖော်ရာတွင် ခေတ်မီစက်ယန္တရားများကိုအသုံးပြု၍ ရှာဖွေလာကြသောကြောင့်ပတ်ဝန်းကျင် ထိခိုက်မှုမှာလည်းယခင်ကထက်ပိုများလာခဲ့ကြောင်း ဗန်းမောက်မြို့နယ် အလယ်ရွာမှ
ကုန်စုံဆိုင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးထွန်းကပြောသည်။

“အရင် ၁၀ နှစ်လောက်က ဒီဒေသမှာ ရွှေရှာတဲ့သူမရှိသလောက်ပဲ။ ရှိမှ သုံးလေးယောက်လောက်ပေါ့။ အရင်က ရွှေရှာတဲ့သူတွေဆိုတာ အဆင်မပြေမှလုပ်ကြတာ။ အဆင်ပြေတဲ့သူတွေကလယ်ပဲလုပ်ကြတာ။ နောက်ပိုင်း စက်ပစ္စည်းတွေရော ဘာတွေရောနဲ့ အလုံးအရင်းနဲ့ဝင်လာကြတာ။ ခုတော့ ဒီဒေသခံတွေအတွက်ကျန်ခဲ့တာကတော့ သစ်ပင်မရှိတဲ့တောင်တွေရယ်၊ ရေမရှိတဲ့ ချောင်းတွေရယ်ပဲ၊ ရာသီဥတုကတော့ ပူတာလည်း သိတဲ့အတိုင်း တော်တော်ဆိုးဆိုးဝါးဝါးပဲ`ဟု ဦးထွန်းက ပြောသည်။

တောင်များအတွင်း ကျောက်ရွှေတူးဖော်ခြင်းလုပ်ငန်းများတွင် ရွှေတူးဖော်ခြင်း လုပ်ငန်းများပြီးစီးပါက သစ်ပင်များ ပြန်လည်စိုက်ပျိုးရန် အစိုးရမှ ညွှန်ကြားထားကြသောလည်း ပြန်လည်စိုက်ပျိုးသည့် လုပ်ငန်းရှင်များ
နည်းပါးကြောင်းနှင့် စိုက်ပျိုးပြန်သောလည်းမြေဆီမြေနှစ်များမရှိတော့သဖြင့် ရှင်သန်ရန်မလွယ်ကူကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကုမ္ပဏီကတော့ လုပ်ကွက်ပြီးတိုင်း သစ်ပင်တွေကို ပြန်စိုက်ပါတယ်။ အစိုးရဘက်က ညွှန်ကြားတဲ့အထဲမှာလည်း သစ်ပင်တွေပြန်လည်စိုက်ပျိုးရမယ်ဆိုတာ ပါတယ်လေ။ ရာသီဥတုပူပြင်းလာတာကြတော့
ဒီလိုကိစ္စတွေနဲ့လည်းဆိုင်ပါတယ်။ မဆိုင်ဘူးလို့တော့ ကျွန်တော်မငြင်းပါဘူး။ကျွန်တော်ဘက်ကတော့ သတ်မှတ်ထားတဲ့ စည်းမျည်းတွေအတိုင်းပဲလုပ်ဆောင်ပါတယ်”ဟု ဗန်းမောက်မြို့နယ်အတွင်းရှိ တင်မြင့်အောင်
ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီဥက္ကဌဦးတင်မြင့်ကပြောသည်။

အဆိုပါ ဒေသတွင်း ကျောက်ရွှေတူးဖော်ခြင်းလုပ်ငန်းများ၊ ရွှေမျှောတိုက်ခြင်းလုပ်ငန်းများနှင့် သစ်ခုတ်လုပ်ငန်းများကြောင့် သစ်တောပြုန်းတီးခြင်းများက ရာသီဥတုကို သိသိသာသာပြောင်းလဲစေပြီး အပူချိန်များ တိုးမြှင့်လာလျက် ရှိနေကြောင်း
ပညာရှင်များကလည်း သုံးသပ်ပြောဆိုလျက်ရှိသည်။

“ရွှေတူးတာတွေ သစ်ခုတ်တာတွေက ရာသီဥတုအပူချိန်ကို တိုးစေတာပါပဲ။ အခုလဲ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေမှာ အပူချိန်ချိန်တွေသိသိသာသာတိုးလာတာကိုတွေ့ရပါတယ်”ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာဦးထွန်လွင်ကပြောသည်။




Shwe Myitmakha Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger