ပုသိမ်ဆိပ်ကမ်းအား မြန်မာကျပ်ငွေ ၂.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ
၃.၃သန်း)ခန့် အကုန်အကျခံ၍ ပြုပြင်ကာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ်
ရင်းနှီးမြုတ်နှံမည့် အစီအစဉ်တစ်ခုအား ဒေသတွင်း သတင်းမီဒီယာ တစ်ခုဖြစ်သော
မြန်မာတိုင်းစ်က ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်အား ပုသိမ်ဆိပ်ကမ်း ပြုပြင်ရေးနှင့် ပါတ်သက်၍ လိုအပ်သော
လေ့လာမှုများ ပြုလုပ်နေသော မြန်မာဧရာမွန် ဆိပ်ကမ်းနှင့် မြစ်ကြောင်းများ
ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ
ဦးစိုးမောင်မြင့်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် မီဒီယာများအား
ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းကုမ္ပဏီအနေဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ပုသိမ်ဆိပ်ကမ်းအား
တစ်လလျင် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ဖြင့် ငှားရမ်းခွင့် လျောက်ထားကြောင်း၊
ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူကာ စက်တင်ဘာလ ၁ရက်နေ့ မှ အောက်တိုဘာလ ၂၂
ရက်နေ့ အထိ ပုသိမ်ဆိပ်ကမ်း၏ အဓိကဖြစ်သော င၀န်မြစ်ကြောင်းအား
အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ်
ဖြစ်နိုင်ခြေ ရှိ၊မရှိ ကနဦး လေ့လာမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ဆိပ်ကမ်းသည် ၁၉၉၅ ခုနှစ် အထိ ဧရာဝတီတိုင်း၏ အဓိကဆန်ပို့ရာ
နေရာတစ်ခုဖြစ်ပြီး တန်ချိန် ၇,၀၀၀ မှ ၁၀,၀၀၀ အထိ တင်နိုင်သော သင်္ဘောများသည်
ဟိုင်းကြီးကျွန်းမှတစ်ဆင့် ဆိပ်ကမ်းသို့ ၀င်ထွက်နိုင်ခဲ့သော်လည်း
နောက်ပိုင်းတွင် သောင်ထွန်းခြင်း ကြောင့် ယနေ့အချိန်အထိ အပြည်ပြည်ဆိုင်ရာ
ကုန်တင်သင်္ဘောများ ၀င်ထွက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ 3.3 သန်းအကုန်ကျခံတည်ဆောက်မည့် ပုသိမ်ဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတည်ဆောက်တော့မည်
Monday, May 21, 20120 မှတ်ချက်များ
Labels:
ပြည်တွင်းသတင်း

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။