သင်္ကြန်မိုးဇာတ်ကားနှင့်ကျည်တောင့်များ

Tuesday, May 22, 20120 မှတ်ချက်များ

ဂန္တ၀င်မြောက်မြန်မာ့ရုပ်ရှင် သင်္ကြန်မိုးဇာတ်ကား ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးခဲ့သော မန္တလေးမြို့၊ ၂၆ လမ်း၊ ၉၀ x ၉၁ လမ်းကြား၊ ခြံအမှတ် (၂၈) ရှိ တိုတ်အိမ်ဟောင်းများကို ဖြိုဖျက်နေရာ၊ မေလ ၁၂ ရက်၊ နံနက်ပိုင်းက တိုတ်အိမ်ဟောင်း မျက်နှာကြက်ကြားက ခဲယမ်းမီးကျောက် ကျည်တောင့်များ တွေ့ခဲ့ကြောင်း သိရသည်။ သင်္ကြန်မိုး ဇာတ်ကားရိုက်ကူးခဲ့သော ခြံဝင်းအတွင်း တိုတ်အိမ်ဟောင်း ၃ လုံး ရှိပြီး၊ ခြံအတွင်းပိုင်းရှိ အဆောင်ငယ်ကို ဖြိုဖျက်ရာမှ အမျိုးအစားစုံ ကျည်ဆန်ဟောင်း ၁၇၄ တောင့် တွေ့ရှိခြင်းဖြစ်ပြီး
ကျည်တောင့်များအား ၁ဝတောင့် တစ်ထုတ်စီစက္ကူဖြင့် ထုတ်ထားပြီး စက္ကူပေါ် တွင် ၁၇ဇူလိုင်၊ ၁၉၇၂ဟူသော စာတန်းပါရှိ ကြောင်းနှင့် သက်ဆိုင်ရာဌာနသို့ ပေးအပ်နှံ ပြီးဖြစ်ကြောင်း တိုက်အိမ်ဖြိုဖျက်ရာတွင် ပါဝင်ခဲ့သူ ပန်းရံဆရာတစ်ဦးက ပြောသည်။
သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးခဲ့သည့် အဆိုပါ တိုက်အိမ်များကို
၁၉၅ဝ ဝန်းကျင်ကာလက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မန္တလေးမြို့ခံများ အပါအဝင်၊ မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်များက သင်္ကြန်မိုး ဇာတ်ကားနှင့် ထိုတိုက်အိမ်များကို စိတ်ဝင်စားကြကြောင်း သိရသည်.... . .
 

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger