ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသရန် လိုအပ်နေသူများနှင့်
လှူဒါန်းသူများကို ချိတ်ဆက်ပေးမည့် ဧရာမ လူမှုကွန်ရက်ကို အသုံးပြုသွားမည့်
အစီအစဉ်တစ်ရပ်အား Facebook က မေလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။
အမေရိကန်နှင့်
ဗြိတိန်ရှိ Facebook အသုံးပြုသူများသည် ခန္ဓာကိုယ် အစိတ်အပိုင်း
လှူဒါန်းရန်အတွက် အဆက်အသွယ်များကို ရှာဖွေလှူဒါန်းနိုင်မည်ဖြစ်ကာ
ထိုအကြောင်းအရာကိုလည်း Facebook တွင် ဖော်ပြနိုင် မည်ဖြစ်သည်။
ဆေးကျောင်းသူတစ်ဦးဖြစ်ခဲ့သော ချစ်သူနှင့် စကားပြောရာမှ ထိုအစီအစဉ်ကို
စတင်ရန် စိတ်ကူးရခဲ့ကြောင်း Facebook တည်ထောင်သူ ဇက်ကာဘတ်က ပြောကြားခဲ့သည်။
''ဒီနေ့ အချိန်မှာ အမေရိကန် က လူ ၁၁၄၀၀၀ ကျော်နဲ့ ကမ္ဘာတစ်ဝန်းက
လူသန်းပေါင်းများစွာဟာ နှလုံး၊ ကျောက်ကပ်၊ အသည်း အစားထိုး ခွဲစိတ်ကုသဖို့
စောင့်ဆိုင်းနေကြပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။
အစားထိုး ခွဲစိတ်ကုသရန်အတွက် ခန္ဓာကိုယ် အစိတ်အပိုင်း
အချိန်မီမရရှိမှုကြောင့် နေ့စဉ် လူ ၁၈ ဦးခန့် သေဆုံးနေရကြောင်း Donate Life
America စေတနာ့ဝန်ထမ်းအဖွဲ့က ပြောကြားခဲ့သည်။ Facebook
အသုံးပြုသူအရေအတွက်သည် မတ်လကုန်တွင် ၉၀၁ သန်းကျော်ထိ မြင့် တက်ခဲ့ကြောင်း
ကုမ္ပဏီ အထောက်အထားများက ဆိုသည်။
Ref:AFP
ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုများကို ကူညီရန် Facebook ကြိုးပမ်း
Saturday, May 12, 20120 မှတ်ချက်များ
Labels:
ကျန်းမာရေး,
ပြည်ပသတင်း

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။