လယ်ယာမြေ သိမ်းယူမှုများနှင့် ပတ်သက်သည့် မှတ်တမ်းဇာတ်ကားကို ဒါရိုက်တာဝိုင်း ရိုက်ကူးမည်

Saturday, May 12, 20120 မှတ်ချက်များ

လယ်ယာမြေ သိမ်းယူမှုများနှင့် ပတ်သက်သည့် မှတ်တမ်းဇာတ်ကားကို ဒါရိုက်တာဝိုင်း ရိုက်ကူးရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ယင်းဇာတ်ကားကို ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တို့တွင် စတင်ရိုက်ကူး နေပြီဖြစ်ပြီး ထားဝယ်နှင့်ကချင်ပြည်နယ်တို့တွင် ဆက်လက်ရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရသည်။
“လယ်ယာမြေသိမ်းယူမှုနဲ့ ပတ်သက်လို့ မှတ်တမ်းဇာတ်ကားရိုက်ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ လယ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေ၊ နောက်ကွယ်က ဘ၀ပေါင်းများစွာတွေရဲ့ အကြောင်းကိုသိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်တော်တော် ၀မ်းနည်းကြေကွဲရပါတယ်။ လယ်ယာ သိမ်းခံလိုက်ရတဲ့ ရှမ်းတောင်သူတွေ ပြောပြခဲ့တာကို ကျွန်တော်ကြားတဲ့အချိန်မှာ မျက်ရည်ဝဲမိတယ်။ ဒီလိုမတရားခံရတာတွေကို တတ်စွမ်းတဲ့ အနုပညာနဲ့ တင်ပြပေးဖို့ တာဝန်ရှိတယ်လို့လည်း ခံယူလာမိတယ်။ ဒါကြောင့် ဒီမှတ်တမ်း ဇာတ်ကားကို ရိုက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။ အချိန်ကတော့ အများကြီး ယူရဦးမယ်။ ပြင်ဦးလွင် နဲ့ ရှမ်းပြည်နယ် တစ်ဝိုက်က လယ်ယာ မြေသိမ်းဆည်းခံရမှုတွေကို ကျွန်တော်အကြမ်းဖျင်း ရိုက်ကူးပြီးပြီဆိုပေမယ့် ထပ်ပြီး လေ့လာဖို့ ကျန်ပါသေးတယ်။ ထားဝယ်ဒေသနဲ့ ကချင်ပြည်နယ်က အခြေအနေအသေးစိတ်ကို သိခွင့်ရဖို့ဆိုရင်တော့ အချိန်သုံး လလောက် ယူရဦးမှာပါ။ တစ်ဖက်တည်း ပြောတာမျိုးမဖြစ်အောင်၊ reality အတိုင်းဖြစ်အောင် ရိုက်ကူးမှာပါ” ဟု ဒါရိုက်တာဝိုင်းက ရှင်းပြခဲ့သည်။
ယင်းမှတ်တမ်း ဇာတ်ကားအား ဧပြီလကုန်ပိုင်းကတည်းက စတင်ဖန်တီးရန် ပြင်ဆင်နေခြင်းဖြစ်ပြီး လိုအပ်သည့် အသေးစိတ် အချက်အလက်များအတွက် စုဆောင်းမှုများ စတင် ပြုလုပ်နေပြီဖြစ်သည်ဟု သိရှိရသည်။ ဒါရိုက်တာဝိုင်း၏ ပထမဆုံးမှတ်တမ်း ဇာတ်ကားကို ‘press’ အမည်ဖြင့်ရိုက်ကူးထားကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ပြသရန်စီစဉ်ထားသည်ဟု သိရှိရသည်။
 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger