အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် သောကြာနေ့က လှုပ်ခတ်ခဲ့သော အင်အား ၅.၄ အဆင့်ရှိသည့် ငလျင်ကြောင့် ဒေသခံများမှာ နေအိမ်များမှ လမ်းမများပေါ်သို့
ကြောက်လန့်တကြား ပြေးထွက်ခဲ့ကြောင်း သိရကာ အဆောက်အအုံများ ပျက်စီးခဲ့ကာ လူနှစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိသွားခဲ့သည်။
နေအိမ် တစ်လုံးမှာ ပြိုကျခဲ့ပြီး အချို့သော အဆောက်အအုံများမှာလည်း အက်ရာများ ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ ငလျင်၏ ဗဟိုချက်မှာ Guwahati ခေါ် စီးပွားရေး မြို့တော်တွင် ဖြစ်ကာ ယင်းငလျင်ကြောင့် နေအိမ်များ စက္ကန့် အနည်းငယ် လှုပ်ရှား ယိမ်းယိုင်ခဲ့ရကာ လမ်းမများပေါ်သို့ လူများ ပြေးထွက်ခဲ့ရသည်။ ယခု ငလျင်ကြောင့် ပျက်စီး သေဆုံးသည့် သတင်းများ ချက်ချင်း ထွက်ပေါ်ခဲ့ခြင်း မရှိသေးပေ။ အဆိုပါ ငလျင်ပြင်းအားမှာ ရက်ခ်ျတာစကေး ၅.၄ အဆင့် ရှိကြောင်း အိန္ဒိယ ငလျင် တိုင်းတာရေး အဖွဲ့မှ ပြောကြား သွားခဲ့သည်။
source : channelnewsasia.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။