Cloud သိုလှောင်မှု အဆင့်သို့ Facebook တက်လှမ်းလာ

Saturday, May 12, 20120 မှတ်ချက်များ

လူမှုရေးကွန်ရက် ဝက်ဆိုက် တစ်ခုဖြစ်သော Facebook မှာ Cloud လုပ်ဆောင်မှုသို့ တဖြည်းဖြည်း ရွေ့လျားလာနေပြီ ဖြစ်သည်။ သောကြာနေ့က

ယင်းဆိုက်မှ ပြောရာ၌ ၎င်းတို့ အနေဖြင့် အွန်လိုင်းအတွင်း သတင်း အချက်အလက်များ သိုလှောင်ထားနိုင်မည့် ဝန်ဆောင်မှုကို စတင်လိုက်ပြီ ဖြစ်ကြောင်းနှင့် Dropbox, Google နှင့်အခြားသော ကုမ္ပဏီများမှ cloud ဝန်ဆောင်မှုများ ပေးအပြီးတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယမန်နေ့က မိမိတို့ အနေဖြင့် လူအများ အနေဖြင့် File များကို မိမိတို့ အုပ်စုများ အတွင်း ဝေမျှနိုင်မည့် လုပ်ဆောင်ချက်ကို စတင် လွှင့်တင်ခဲ့ကြောင့် ပြောရေးဆိုခွင့်ရှိသူ Meredith Chin မှ ပြောခဲ့သည်။ ယခုလို သိုလှောင်နိုင်မှု အတွက် ၂၅ မီဂါဗိုက် အထိ ခွင့်ပြုထားသော်လည်း အချို့သော အချက်အလက်များ ဖြစ်သည့် သီချင်းကဲ့သို့သော ဖိုင်များကိုမူ သိုလှောင် ခွင့်ပြုမည် မဟုတ်ကြောင်း အဘယ်ကြောင့်ဆိုသော် မူပိုင်ခွင့် ပြဿနာများ ဖြစ်လာမည့် အတွက်ကြောင့် ဖြစ်ကြောင်းနှင့် နောက်ထပ် ဗိုင်းရပ်စ်ပိုးများ ပါစေမည့် ဖိုင်ပုံစံများကိုလည်း သိုလှောင် ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြား သွားခဲ့သည်။ ယခင်လက Google မှ ၎င်း၏ cloud ဝန်ဆောင်မှု ဖြစ်သည့် Drive ကို လွှင့်တင်လိုက် အပြီးတွင် ယခုလို Facebook မှလည်း လုပ်ဆောင်ချက် အသစ်တစ်ခုကို လွှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။

source : Channelnewsasia.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger