မေလ ၁၀ ရက်နေ့က လှိုင်မြို့နယ် ၁၀ ရပ်ကွက်မှာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွားရာမှာ အဆိုပါ ရပ်ကွက်ရှိ ခပေါင်းလမ်း
အိမ်အမှတ် ၁၀ မှာ လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှုဟာ ညနေ ၄ နာရီခွဲ အချိန်ခန့်က စတင် လောင်ကျွမ်း ခဲ့တာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဲ့ဒီ မီးလောင် ကျွမ်းမှုဟာ အဆိုပါ နေအိမ်ရဲ့ အပေါ်ထပ်ရှိ အိပ်ခန်း တစ်ခု အတွင်းမှာ သုံးစွဲ နေတဲ့ မီးပလတ်ခုံ အပူ လွန်ကဲရာမှ တစ်ဆင့် စတင် လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မီးလောင် ကျွမ်းမှုကြောင့် အိမ်ရှိ အတွင်းပစ္စည်း အနည်းငယ်သာ ဆုံးရှုံးခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် နှစ်သိန်း ရှစ်သောင်း ငါးထောင် ဖိုးခန့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ် ဦးစီး ဌာနမှ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်မှာ သတင်း ရရှိကာ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး ၄ နာရီ မိနစ် ၄၀ အချိန်မှာ မီးထိန်း နိုင်ခဲ့ကာ ၄ နာရီ ၄၅ မိနစ်အချိန် မှာ မီးငြှိမ်းသတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လောင်ကျွမ်းမှုကို သက်ဆိုင်ရာ မြို့နယ် မီးသတ် စခန်းများမှ မီးသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးနဲ့ အထောက်အကူပြု ယာဉ် ၂ စီး လာရောက် ငြှိမ်းသတ် ခဲ့ကြတယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။