သင်္ကြန်ပွဲ ဗုံးခွဲသူ သေဒဏ်ချမှတ်

Saturday, May 12, 20120 မှတ်ချက်များ

၂၀၁၀ ပြည့်နှစ်၊ ဧပြီလအတွင်း ဗုံးပေါက် ကွဲမှုတွင် လူ ၁၀ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ အသက် ၃၃ နှစ်ရွယ် ကိုဖြိုးဝေအောင် အား တရားရုံးတစ်ရုံးက မေလ ၈ ရက်နေ့ တွင် သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း တရားခံရှေ့နေက ပြောပြသည်။

အင်းစိန်ထောင်အတွင်းရှိ အထူး တရားရုံးက ကိုဖြိုးဝေအောင်အပေါ် သတ်ဖြတ်ရန် ကြံစည်မှုအပါအ၀င် စွဲချက်ခုနစ်ချက်ဖြင့် စီရင်ချက်ချမှတ်ခဲ့ ခြင်းဖြစ်သည်ဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။

"ကျွန်တော်တို့ သူ့အတွက် အယူခံဝင်ပါမယ်"ဟု၎င်းကပြောသည်။

၂၀၁၀ ဗုံးခွဲမှုသည် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲအတွက် လူ ပရိသတ် ထောင်ပေါင်းများစွာ ဆင်နွှဲနေစဉ် ဗုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲပြီး မကြာမီမှာပင် မြန်မာ ရဲတပ်ဖွဲ့က ဗုံး ဖောက်ခွဲသူအား ဖမ်းဆီး ရမိပြီဖြစ်ကြောင်း၊ ပြည်ပရောက် "Vigorous Burmese Student Warriors"အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မကြာမီနှစ်များအတွင်း ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားခဲ့သည်။ ၂၀၀၅ ခုနှစ်၊ မေလ အတွင်းက ရန်ကုန်စူပါမားကက်နှင့် ကုန်စည်ပြပွဲများတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၂၃ ဦး သေဆုံးခဲ့သည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger