မေလ ၁၁ ရက်နေ့က စတင်ကာ ၂၀၀၇ မော်ဒယ် အထက်ယာဉ် တင်သွင်းမှု အတွက် လျှောက်ထားမှုများ စတင် ဆောင်ရွက် ပေးလျက်ရှိပြီး ဒီလို လျှောက်ထား
ရာမှာ အင်ဂျင်ပါဝါ ၁၃၅၀CC အောက် ယာဉ်တွေ ကိုသာ အများစု လျှောက်ထား ကြတယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက သိရပါတယ်။ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ယာဉ်တွေဟာ က.ည.နသို့ ပေးသွင်း ရသော အခွန်တန်ဖိုးမှာ ၅၀ ရာခိုင်နှုန်း၊ ကုန်သွယ် လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်းနဲ့ အကောက်ခွန် ၄၀ ရာခိုင်နှုန်း စုစုပေါင်း ၁၁၅ ရာခိုင်နှုန်းသာ အခွန်ပေးဆောင် ရတာကြောင့် လျှောက်ထားသူ အများစုမှာ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ယာဉ်တွေကို လျှောက်ထား မှုများခြင်း ဖြစ်ပါတယ်။
မေလ ၁၁ ရက်နေ့ မေလ ၁၇ ရက်နေ့ အထိ စီးပွား/ကူးသန်း ၀န်ကြီး ဌာနမှာ ၂၀၀၇ မော်ဒယ် အထက် ယာဉ်တွင်သွင်းမှု လျှောက်ထားတဲ့ အစီးရေ ၅၄ စီးကို ပါမစ်ထုတ် ပေးပြီ ဖြစ်ပါတယ်။ ဒီလို လာရောက်မှုကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနကို လာရောက် လျှောက်ထား ရတာ ဖြစ်ပါတယ်။
လျှောက်ထား ရာမှာ အဓိက ပါဝင်ရမယ့် စာရွက် စာတမ်းတွေ ကတော့ ယာဉ်တင်သွင်းမှု အတွက် လျှောက်ထားခြင်း မရှိကြောင်း ၀န်ခံကတိပြု လျှောက်လွှာ၊ Invoice၊ ဘဏ်စာအုပ် မိတ္တူ မူရင်းတို့ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှတ်ပုံတင် မိတ္တူ မူရင်း၊ ပုံစံ ၁၀ မိတ္တူ၊ မူရင်းတို့နဲ့ အတူ လျှောက်ထား ရမှာဖြစ်ပြီး ဒီလို လျှောက်ထားမှု အတွက် One Stop Service နဲ့ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။