မြန်မာ-အမေရိကန် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု တိုးမြှင့်

Sunday, May 20, 20120 မှတ်ချက်များ

မေလ ၁၇ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံနဲ့ အမေရိကန် နိုင်ငံအကြား နှစ်နိုင်ငံ

ဆက်ဆံရေး အတွက် ကောင်းမွန်တဲ့ ကဏ္ဍသစ်တွေ ဖော်ဆောင် လျက်ရှိနေပြီး စီးပွားရေး ဆက်ဆံမှု တွေကိုပါ တိုးမြှင့် ဖွင့်လှစ် လိုက်ပြီ တယ်လို့ သိရပါတယ်။ ဒီလို ဆက်ဆံရေး တိုးမြှင့်ရာမှာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်ခွင့်ကို ပိတ်ပင်ထားတဲ့ ကန့်သတ်ချက် တွေကို ဖြေလျော့ လိုက်ပြီး ဘဏ္ဍာရေး ၀န်ဆောင်မှု တွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ပြုလုပ်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

အခုလို ဖြေလျှော့ကာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်မှု တွေဟာ ပြုပြင် ပြောင်းလဲမှုများ ရှိလာတဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အားပေး ကူညီဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သမ္မတရဲ့ သတင်း ထုတ်ပြန်ချက် အပြင် မေလ ၁၇ ရက်နေ့က ၀ါရှင်တန် ဒီစီမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က စီးပွားရေး ပိတ်ပင်မှုတွေ မရှိတော့ တာကြောင့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ကဏ္ဍတိုင်းက စီးပွားရေး လုပ်ငန်း အစုံမှာ ဆက်သွယ် လုပ်ကိုင် လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေနံနဲ့ ဓာတ်ငွေ့ ကုမ္ပဏီတွေ၊ သတ္တု တူးဖော်ရေး ကုမ္ပဏီတွေနဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု ကုမ္ပဏီတွေ ကလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိ စေမယ့် ရင်းနှီး မြှုပ်နှံမှုတွေကို လွတ်လပ်စွာ ရွေးချယ် ရှာဖွေ နိုင်ပြီ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အပြင် နိုင်ငံတကာ အကြွေးဝယ်ကဒ် ဈေးကွက်ထဲ ၀င်နိုင်မှုနဲ့ ဒေါ်လာ အခြေပြု ငွေလွှဲ လုပ်ငန်းများ လုပ်ဆောင် နိုင်ဖို့ အတွက်လည်း အမေရိကန် ပြည်ထောင်စုက အထွေထွေ လိုင်စင် တစ်ရပ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger