၂၉ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ HIV/AIDS မီးထွန်း ဆုတောင်းပွဲကို မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့ရှိ ကမာရွတ်မြို့နယ် စိမ်းလန်း စိုပြေ မြက်ခင်းပြင်မှာ
ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးထွန်း ဆုတောင်း ပွဲကို ပြုလုပ်ရတာ ကတော့ HIV/AIDS ကြောင့် ဆုံးပါးသွား သူများကို သတိရ ဆုတောင်း ပေးတဲ့ အနေနဲ့ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် HIV ပိုး ကူးစက်ခံ ထားရသူတို့ရဲ့ ဘ၀ကို စာနာ နားလည် အားပေး ကူညီတတ်ဖို့ HIV ပိုး ကူးစက်မှု ကာကွယ်ဖို့နဲ့ HIV/AIDS ဆိုင်ရာ ပြုစု၊ ကုသ၊ စောင့်ရှောက်ရေး လုပ်ငန်း များမှာ ပြည်သူလူထု အဖွဲ့အစည်းများရဲ့ အရေးပါမှုတို့ အရေးပါပုံ သိရှိစေလိုတဲ့ အတွက် အခုလို ပြုလုပ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူသား အားလုံးဟာ HIV/AIDS ပပျောက်ရေး လုပ်ငန်းမှာ စည်းလုံး ညီညွတ်စွာ ပါဝင်လာမယ် ဆိုရင် HIV/AIDS ပပျောက်ရေး အတွက် ဆောင်ရွက်ရာမှာ ပိုမို အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ HIV/AIDS မီးထွန်း ဆုတောင်း ပွဲကို အပြည်ပြည် ဆိုင်ရာ ပြုလုပ်လာတာ ၂၉ ကြိမ်ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံ မှာတော့ ၂၀၀၆ ခုနှစ်ကမှ စတင်ပြု လာတာဖြစ်ပြီး အခုတစ်ကြိမ် ပြုလုပ်မှုဟာ ၇ ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။