၁၉၉၀ ခုနှစ်က စတင်ကာ ခန့်အပ်မှု မရှိခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံ အမတ်ခန့် အပ်မှုကို အခုအခါ ခန့်အပ်ရန် ရှိပြီး အခု ခန့်အပ်မှုဟာ ၂၂ နှစ်တာ
ကာလ အတွင်းမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် ပထမဦးဆုံး ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီလို ခန့်အပ် ရာမှာ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် ဒဲရက်မစ်ချယ်လ်ကို ခန့်အပ်ဖို့ အမည်တင်သွင်း ထားတယ်လို့ သိရပါတယ်။
ဒီလို အမည် တင်သွင်းမှု အပေါ် အမေရိကန် ပြည်ထောင်စု၊ အထက် လွှတ်တော်က အမြန်ဆုံး အတည်ပြု ပေးဖို့အတွက် ကိုလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်း ထားတယ်လို့ မေလ ၁၇ ရက်နေ့က ၀ါရှင်တန်ဒီစီ ထရစ်တီ ခန်းမမှာ မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် နိုင်ငံ ဆက်ဆံရေးကို ယခုကဲ့သို့ ကောင်းမွန်တဲ့ အခြေအနေသစ် တစ်ခုကို ရောက်ရှိအောင် ဆောင်ရွက် ရာမှာ အဓိကကျသူ ဖြစ်တဲ့ ဒဲရက်မစ်ချယ်လ်ကို မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့ ကိုလည်း အမေရိကန် သမ္မတ အိုဘားမားက အဆိုပြု ခဲ့တယ်လို့ သိရပါတယ်။
ဒဲရက်မစ်ချယ်လ်ဟာ လွန်ခဲ့တဲ့ ၁၂ လတာ ကာလ အတွင်းမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး အဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင် ထားပါတယ်။ အခုလို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် ဒဲရစ်မစ်ချယ်လ်ကို ခန့်အပ်ဖို့ ရှိသလို မြန်မာနိုင်ငံ အနေ နဲ့လည်း အမေရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာနိုင်ငံတော်ရဲ့ အထူးအာဏာ ကုန်လွှဲအပ်ခြင်း ခံရတဲ့ သံအမတ် အဖြစ် နယူးယောက်မြို့ရှိ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ် အနေနဲ့ တာဝန် ထမ်းဆောင် နေသူ ဦးသန်းဆွေကို ခန့်အပ် သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။