သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည်

Thursday, May 10, 20120 မှတ်ချက်များ

သမ္မတနှင့် ပတ်သက်သည့် သတင်းများကို သမ္မတရုံး အင်တာနက် စာမျက်နှာတခု ဖွင့်လှစ်၍ တင်ဆက်သွားမည်ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face Book လူမှုကွန်ယက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖေါ်ပြ ထားသည်။

“သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏ Face Book စာမျက်နှာတွင် ရေးသားထားသည်။

ဗုဒ္ဓဟူးနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာ၏ စမ်းသပ် တင်ဆက်မှုတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ တို့၏ တွေ့ဆုံမှုကို ဖော်ပြထားပြီး ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းပေးရေးလည်း
ဆွေးနွေးကြသည်ဟု အဆိုပါ စမ်းသပ် စာမျက်နှာတွင် ဖေါ်ပြထားသည်။
president
အဆိုပါ စာမျက်နှာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်၊ ပြည်ထောင်စုလွှတ်တော်တို့၏ အခန်းကဏ္ဍများလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ နိုင်ငံခြားရေးမူဝါဒ စသည့် အခန်းကဏ္ဍများလည်းပါဝင် ဖွဲ့စည်းထားသည်။

သမ္မတ၏ နေ့စဉ်သတင်းများအပြင် ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်များကိုလည်း ထည့်သွင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

စမ်းသပ်ဆဲ ကာလဖြစ်၍ အင်တာနက် ဝက်ဘ်ဆိုက်အမည် မရှိသေးဘဲ IP Address ဖြင့်သာ လွှင့်တင်ထားသေးသည်။ “စမ်းသပ်ဆဲကာလ ဖြစ်ပါတယ်ခင်ဗျား။ ဒိုမိန်းနိမ်းဖြင့် လွှင့်ပါမည်။ ဥပမာ - www.president.gov.mm ကဲ့သို့ ဖြစ်ပါ မည်” ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face book စာမျက်နှာတွင် ရေးသားထသည်။

ယခု လောလောဆယ်တွင် http://203.81.81.136/e-President/ လိပ်စာကို အသုံးပြုထားသည်။
မျိုးသန့် - ချင်းမိုင် (မဇ္ဈိမ)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger