အွန်လိုင်း ဗဟိုမှ တစ်ဆင့် Facebook တို့ application များ ရောင်းမည်

Thursday, May 10, 20120 မှတ်ချက်များ

လူမှုရေး ကွန်ရက်ဆိုက်ကြီး တစ်ခုဖြစ်သည့် Facebook တွင် အွန်လိုင်း သုံးစွဲသူများ အနေဖြင့် ဂိမ်းများနှင့် အခြားသော application များကို

ရှာဖွေ ရယူနိုင်မည့် ဗဟိုဋ္ဌာန တစ်ခုကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ယခုလို ဗဟို ဌာနတွင် အခပေး ဝယ်ယူနိုင်မည့် Application များကိုလည်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရကာ များပြားလှသော အွန်လိုင်း အသုံးပြုသူများ ထံမှ ငွေရှာဖွေနိုင်မည့် နည်းလမ်းကို ပြုလုပ်ခြင်းလည်း ဖြစ်သည်။ အဆိုပါ App Center ကို လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်း စတင် လွှင့်တင်မည် ဖြစ်ကာ ကုမ္ပဏီ အနေဖြင့် ပြည်သူများထံသို့ ရှယ်ယာများ ရောင်းချမည်ဟု ကြေငြာ အပြီးတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယခုလို App Centerမှာ ဆော့ဖ်ဝဲ ရေးသားသူများ အနေဖြင့် မိမိတို့ ဆော့ဖ်ဝဲ အသစ်များကို သုံးစွဲသူများထံသို့ Facebook မှ တစ်ဆင့် တိုက်ရိုက် ရောင်းချနိုင်ရန် ပြုလုပ်ထားကာ ဝယ်ယူမည့် သူများ အနေဖြင့် ကုမ္ပဏီ၏ ငွေပေးဆောင်မှု စနစ်တစ်ခု ဖြစ်သော Facebook Credits များကို သုံးစွဲရန် လိုမည်ဖြစ်ကာ ၃၀ ရာနှုန်းကို ဝန်ဆောင်ခ အဖြစ် ပေးရမည် ဖြစ်သည်။

source : reuters

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger