ဧပြီလ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ အဆောက်အဦး တစ်ထောင်ကျော် ပျက်စီးဆုံးရှုံး

Thursday, May 10, 20120 မှတ်ချက်များ

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဧပြီလ မီးလောင်ကျွမ်းမှုမှာ ၉၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက်အဦး ၂၃၉ လုံးသာ ဆုံးရှုံးခဲ့ ပေမယ့် ၂၀၁၂ ခုနှစ် ဧပြီလ မီးလောင်ကျွမ်း

မှုမှာတော့ မီးလောင်မှု အကြိမ် ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ကာ အိမ်ခြေ အဆောက်အဦ ၁၀၈၈ လုံး ဆုံးရှုံးခဲ့ တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ဒီလို နှစ်နှစ်တာ ကာလရဲ့ မီးလောင် ကျွမ်းမှုတွေကို နှိုင်းယှဉ်တဲ့အခါ အကြိမ် အရေအတွက် ၆ ကြိမ်သာ ပိုမိုလောင်ကျွမ်း ခဲ့ပေမယ့် အိမ်ခြေ အဆောက်အဦ ဆုံးရှုံးမှု ကတော့ ၈၀၀ ကျော်ပိုမို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်ရဲ့ ဧပြီလအတွင်း မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်း ၂၆၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး ပြီးခဲ့နှစ်ရဲ့ဧပြီလ မှာတော့ ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုနှစ်ရဲ့ဧပြီလ အတွင်း မီးလောင်ကျွမ်းမှုမှာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ် တဲ့အခါ ဆုံးရှုံးမှု တန်ဖိုး အရ နှစ်ဆကျော် ပိုမိုများပြား ခဲ့ရတာကို တွေ့ရှိခဲ့ ရပါတယ်။

မီးသတ် ဦးစီးဌာနဟာ ပြည်တွင်းမှာ မီးလောင်မှုတွေ လျော့ကျ သွားဖို့ အတွက် ပညာပေးမှု တွေဆောင်ရွက် နေပေမယ့် မီးသုံးစွဲ သူတွေရဲ့ ပေါ့ဆမှု တွေကြောင့် အခုလို မီးလောင် ပျက်စီး ဆုံးရှုံးမှုတွေ များပြား နေရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြည်သူတွေ အနေနဲ့လည်း မီးလောင်မှုတွေ လျော့ကျစေဖို့အတွက် သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာ ဆောင်ရွက် ကြဖို့ လိုအပ်တယ် ဆိုတာကို သတင်းပေး တင်ဆက် လိုက်ရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger