အာဖဂန်တွင် ဘိန်း ကုန်ကူးမှု ဆက်လက် လုပ်ဆောင်နေဆဲ

Monday, May 28, 20120 မှတ်ချက်များ

အမေရိကန် ပြည်ထောင်စု အနေဖြင့် ဒေါ်လာ ဘီလီယံပေါင်း များစွာ ကုန်ကျသည့် မူးယစ်ဆေး မသုံးစွဲရေး လှုံ့ဆော် ပွဲများကို ပြုလုပ်နေချိန်တွင်

အာဖဂန်ရှိ ဘိန်း ထုတ်လုပ်နေသူများမှာ စီးပွားရေး ပျက်ယွင်းသည့် လက္ခဏာ စိုးစဉ်းမှပင် ဖြစ်ပေါ်ခြင်း မရှိသေးပေ။ ယင်းပြဿနာမှာ ယခုနှစ် အတွင်း ပိုမို၍ပင် ဆိုးရွား လာနေပြီး ဘိန်းပင်များကို ဖျက်ဆီးမှုကြောင့် ဈေးနှုန်းများ မြင့်တက် လာခဲ့ရကာ နောင်နှစ်တွင်လည်း ဘိန်း စိုက်ပျိုးရန် တွန်းအား ပိုမို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။

ယခုလို ဖြစ်ရပ်အတွက် မိမိတွင် စိတ်ပျက်နေရကာ မည်သို့ ပြုလုပ်နိုင်မည်ကို မသိရှိရကြောင်း ဘိန်း စိုက်ပျိုးသူ ဒေသခံ တစ်ဦးဖြစ်သည့် Mohammed Amin မှ The New York Times သတင်းသို့ ပြောကြားခဲ့သည်။ မိမိ အနေဖြင့် နောက်ထပ် စီးပွားရေး လုပ်ရန် ငွေကြေး တစ်စက်မှ မရှိတော့ကြောင်းနှင့် အကယ်၍ ဘိန်းအစားထိုး သီးနှံ ပြန်စိုက်လျင်လည်း အမြတ်အစွန်းများ ရနိုင်လိမ့်မည် မဟုတ်ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောခဲ့သည်။ အမေရိကန် နိုင်ငံမှာ အာဖဂန် နိုင်ငံအတွင်း ဘိန်းရောင်းဝယ်မှုများကို တားဆီးနိုင်ရန် လိုလားခဲ့သော်လည်း လက်ရှိတွင် အမေရိကန် စစ်သည်များ ယင်းဒေသမှ ဆုတ်ခွာရန် ပြင်ဆင်နေပြီ ဖြစ်သည့်အတွက် ပိုဆိုးသည့် အခြေအနေသို့ ရောက်တော့မည် ဖြစ်သည်။

source : The New York Times

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger