မကြာမီ ရောက်ရှိ လာတော့မည့် ဓါတ်အား တိုးမြှင့် ပေးနိုင်ရန် ပြည်ပမှ မှာယူ ထားသည့် မီးစက်များ

Monday, May 28, 20120 မှတ်ချက်များ

ပြည်တွင်းမှာ ဖြန့်ဖြူး ပေးနေတဲ့ ဓါတ်အားပေး ရေးတွေ လုံလောက်မှု မရှိတဲ့အတွက် ဓါတ်အား တိုးမြှင့် ဖြန့်ဖြူး ပေးနိုင်ဖို့ ပြည်ပ ကနေ မီးစက်တွေနဲ့ ဓါတ်အားပေး

စက်တွေ မှာယူထားပြီး ဒီလို မှာယူထားတဲ့ မီးစက် တွေဟာ မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို မှာယူထားမှုမှာ အမေရိကန်နိုင်ငံ Caterpillar ကုမ္ပဏီ လီမိတက်မှ ၂ မဂ္ဂါဝပ် မီးစက် ၆ လုံး၊ စင်္ကာပူ နိုင်ငံမှ ဓါတ်အား ပမာဏ 1MW (၁) မဂ္ဂါဝပ် ထုတ်လုပ် ပေးနိုင်မယ့် ဒီဇယ် ဓါတ်အား ပေးစက် ၆ လုံး၊ General Electric ကုမ္ပဏီ လီမိတက်မှ ၂၅ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ ဂက်စ်တာဘိုင် ၂ လုံးကို ၀ယ်ယူမှုတွေ စီစဉ် ထားတယ်လို့ သိရပါတယ်။

အခုလို စီစဉ် မှာယူထားတဲ့ စက်တွေ ပြည်တွင်းကို ရောက်ရှိ လာတဲ့အခါ ဓါတ်အား လိုအပ်မှု ရှိတဲ့ နေရာ အလိုက် ခွဲဝေ ဖြန့်ဖြူး ပေးနိုင်ဖို့ကို သက်ဆိုင်ရာ ဌာနက စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း နွေရာသီ လျှပ်စစ် ဓါတ်အား ထုတ်လုပ်မှု လျော့နည်းချိန်မှာ အများပြည်သူ တွေအတွက် ဓါတ်အား ပြတ်တောက်မှု များတဲ့ နေရာတွေမှာ သောက်သုံးရေ ရရှိဖို့နဲ့ ညဘက်မီး ရရှိရေး အတွက် လက်ရှိ ဓါတ်အားပေး ဖြန့်ဖြူးပေး လျက်ရှိတဲ့ ဓါတ်အားပေး စက်တွေ သာမက ဓါတ်အားပေး စက်တချို့ကို ထပ်မံ ၀ယ်ယူ ဖြည့်တင်းပြီး တော့လည်း တိုးမြှင့် ဖြန့်ဖြူး ပေးလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဓါတ်အား ထုတ်လုပ်မှု လျော့နည်း နေခြင်းကြောင့် အုပ်စု ၃ စုခွဲပြီး အလှည့်ကျ စနစ်နဲ့ ဓါတ်အား ဖြန့်ဖြူးပေး လျက်ရှိရာ ဓါတ်အား ရရှိမည့် အချိန်အတွင်း မရရှိပါက ဖုန်းနံပါတ်- ၀၉-၅၀၅၅၉၇၁၊ ၀၉-၅၁၀၀၉၁၆၊ ၀၉-၅၁၀၀၉၁၇ တို့ကို အချိန်မရွေး ဆက်သွယ် အကြောင်းကြား နိုင်ကြောင်း သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger