ပေါ်တူဂီနိုင်ငံတွင် သဲပန်းပုပွဲတော် ခင်းကျင်းပြသနေ

Monday, May 28, 20120 မှတ်ချက်များ

ပေါ်တူဂီနိုင်ငံ Algarve ဒေသက Pera အရပ်မှာ သဲပန်းပုပွဲတော်ကို ကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။ အဆိုပါ သဲပန်းပုပွဲတော်ကို

မေလ ၂၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလအထိ ပြည်သူလူထုကို ကြည့်ရှုလေ့လာခွင့်ပြုမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ဒီသဲပန်းပုပွဲတော်ကို ကမ္ဘာ့အနှံ့အပြားက ပန်းပုပညာရှင်တွေ၊ သဲပန်းပု ကျွမ်းကျင်သူေ တွ လာရောက်ပြီး ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။

ယခုအခါ ၁၀ကြိမ်မြောက်ရှိပြီဖြစ်တဲ့ သဲပန်းပုပွဲတော်ကို မြေအကျယ်အ၀န်း စတုရန်းမီတာ တစ်သောင်း ငါးထောင်ပေါ်မှာ သဲတန်ချိန် သုံးသောင်း ငါးထောင်ကို အသုံးပြုပြီး သဲပန်းပုတွေ ထုလုပ်ထားတာဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ပြပွဲခေါင်းစဉ်ကတော့ Idols ဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်၊ တေးဂီတ၊ သိပ္ပံပညာ၊ ဘာသာရေး၊ အားကစားနဲ့ နိုင်ငံရေးကဏ္ဍတို့မှ နာမည်ကျော်များကို ကိုယ်စားပြု ထုလုပ်ထားပါတယ်။ ဒါ့ကြောင့် မာရီလင်မွန်ရိုး၊ ခရစ္စတီယာနို ရိုနယ်ဒို၊ မင်းသမီး ဒိုင်ယာနာနဲ့ မိုက်ကယ် ဂျက်ဆင် တို့ရဲ့ ပုံတူသဲပန်းပုရုပ်ထုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

တချို့ နံရံဆေးရေး သဲပန်းချီတွေရဲ့ အမြင့်ဟာ ၁၂မီတာအထိ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ထုလုပ်ခဲ့တဲ့ သဲပန်းပုရုပ်ထုအချို့ကိုလည်း ပြန်လည် ခင်းကျင်းပြသထားပါတယ်။ ပွဲကြည့်ပရိသတ်တွေဟာ ပြပွဲမှာ ခင်းကျင်းထားတဲ့ သူတို့အကြိုက်ဆုံး ပန်းပုရုပ်ကိုလည်း စက်တင်ဘာလအထိ မဲပေးခွင့် ရှိပါတယ်။ ပေါ်တူဂီနိုင်ငံက သဲပန်းပုပွဲတော်ဟာ ထုလုပ်ထားတဲ့ ပန်းပုရုပ်တွေရဲ့ အရွယ်အစားနဲ့ ခင်းကျင်းပြသတဲ့ မြေအကျယ်အ၀န်းအပေါ် မူတည်ပြီး ကမ္ဘာပေါ် မှာ အကြီးကျယ်ဆုံး သဲပန်းပုပွဲတော်အဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါတယ်။

Reference : Asiavision.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger