၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှစတင် ပေးအပ်မည့် ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး

Monday, May 28, 20120 မှတ်ချက်များ

ယခု ၂၀၁၂-၂၀၁၃ ပညာသင် နှစ်က စတင်ပြီး အခြေခံပညာ ကျောင်းသူ၊ ကျောင်းသား များကို ပညာသင်ဆုနဲ့ ပညာသင် ထောက်ပံ့ကြေး ပေးအပ် သွားမှာ

ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆု ပေးအပ်ရာမှာ အလယ်တန်း အဆင့် ပညာသင်ဆု အတွက် စတုတ္ထတန်းကို ထူးချွန်စွာ အောင်မြင် ရမှာ ဖြစ်ပါတယ်။ အခုလို အလယ်တန်း အဆင့် ပညာသင် ဆုကိုတော့ တစ်မြို့နယ်ကို တစ်ဦးသာ ရွေးချယ် သွားမှာ ဖြစ်ပါတယ်။

တကယ်လို့ ပညာသင် ဆုရရှိပါက ပဉ္ဓမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း ၄ နှစ်ရဲ့ စာသင်နှစ် အတွင်း တစ်လကို တစ်သောင်းကျပ် ပညာသင်ဆု ရရှိမှာ ဖြစ်ပါတယ်။ အထက်တန်း ပညာသင်ဆု အတွက် ကိုတော့ အဋ္ဌမတန်းမှာ ထူးချွန်စွာ အောင်မြင်တဲ့ ကျောင်းသားကို ရွေးချယ် မှာဖြစ်ပြီး အဆိုပါ ပညာသင်ဆု ကိုလည်း တစ်မြို့နယ်ကို တစ်ဦးသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ အခုလို အထက်တန်း ပညာသင်ဆု ရရှိသူ ကတော့ န၀မတန်းနဲ့ ဒဿမတန်း တို့ရဲ့ စာသင်နှစ် အတွင်း တစ်လကို တစ်သောင်းခွဲ ပညာသင်ဆုကို ရရှိမှာ ဖြစ်ပါတယ်။

ပညာသင် ထောက်ပံ့ကြေး ကိုတော့ ဆင်းရဲ ချို့တဲ့တဲ့ ကလေးများအား စီစစ်ကာ တစ်မြို့နယ် အတွင်း တစ်တန်းကို ၂ ဦးနှုန်းနဲ့ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပညာသင် ထောက်ပံ့ကြေး ပေးရာမှာလည်း ဇွန်လမှ မတ်လ အထိ မူလတန်း အဆင့် အတွက် တစ်လကို ၅ ထောင်ကျပ်၊ အလယ်တန်း အဆင့် အတွက် တစ်လကို ၆ ထောင်ကျပ်နဲ့ အထက်တန်း အဆင့် အတွက် တစ်လကို ၈ ထောင်ကျပ် ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger