ဧ၀ရက်တောင်ထိပ်သို့ ဒုတိယမြောက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတက်ရောက်နိုင်ခဲ့

Monday, May 28, 20120 မှတ်ချက်များ

ဘင်္ဂလားဒေ့ရှ် အမျိုးသမီး Wasfia Nazreen ဟာ ဧ၀ရက်တောင် ထိပ်ကို ပြီးခဲ့တဲ့ စနေနေ့က တက်ရောက်နိုင်ခဲ့ပြီး သူမဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ကို

တက်နိုင်ခဲ့တဲ့ ဒုတိယမြောက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ Wasfia ဟာ သူမရဲ့ ဧ၀ရက်တောင်ထိပ် ခရီးစဉ်ကို မေလ ၂၁ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူမနဲ့အတူ အမေရိကန်လမ်းပြ Chris Klinke နဲ့ အခြားနီပေါလူမျိုး လမ်းပြ ၂ယောက်လည်း တောင်ထိပ်ကို တက်ရောက်ခဲ့ကြပါတယ်။ Wasfia ရဲ့ဧ၀ရက်ခရီးစဉ်အတွက် ဘင်္ဂလားဒေ့ရှ် City Bank နဲ့ နီပေါ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့တို့က ပံ့ပိုးစီစဉ်ပေးတာ ဖြစ်ပါတယ်။

၁၉၈၂ခုနှစ်က ဒါကာမြို့မှာ မွေးဖွားခဲ့တဲ့ Wasfia ဟာ ၂၀၀၂ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ပညာဆည်းပူးခဲ့သူဖြစ်ပါတယ်။ သူမဟာ ဧ၀ရက်ခရီးစဉ်အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တောင်ပေါ်ရှိ အခြေစိုက်စခန်းကနေ စတင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တောင်ထိပ်ကို အခုထက် အနည်းဆုံး ၇ရက်စောပြီး ရောက်ရှိမယ်လို့ မျှော်လင့်ထားပေမယ့် ရာသီဥတုဆိုးဝါးမှုနဲ့ နှင်းတောင်ပြိုကျမှုတို့ကြောင့် အခုလို စနေနေ့ကမှ ဧ၀ရက်တောင်ထိပ်ကို ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ အောင်မြင်မှုအတွက် ဘင်္ဂလားဒေ့ရှ်သမ္မတ Zillur Rahman နဲ့ ၀န်ကြီးချုပ် ရှိတ်ဟာစီနာတို့က ချီးမွမ်းဂုဏ်ပြုခဲ့ကြပါတယ်။ Wasfia ထက် သီတင်းတစ်ပတ်စောပြီး ဧ၀ရက် တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးကတော့ Nishat Majumder ဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၄ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Reference : Asiavision.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger